ep.3

35.4K 2.8K 33
                                    


Unicode

Ep3

မနက်ပိုင်းမှာ ခလေးငယ်ကို ကျောင်းပို့လို့ပြီးသည်နှင့် ဆိုင်ဖွင့်ဖို့လုပ်ရသည်။ရှစ်နာရီခွဲတာနှင့် ဝန်ထမ်းသုံးယောက်ကလည်း ရောက်လာကြသည်။
ဝန်ထမ်းသုံးယောက်မှာ မမေသူ၊ ဖြူစင်နှင့် နှင်းခတို့ပင်ဖြစ်သည်။

ဆိုင်က အရမ်းလည်းမကြီးသလို ကိုယ်ဝါသနာပါတဲ့ အလုပ်လည်းဖြစ်တာကြောင့် ဝန်ထမ်းအများကြီး မခေါ်တာဖြစ်သည်။ဆိုင်အခြေနေက အရမ်းကြီး
ရောင်းကောင်းတာလည်း မဟုတ်ပေမဲ့
အရမ်းလည်းမဆိုး။အလယ်အလတ်လောက်ပင်ဖြစ်သည်။

သူက ကောင်တာမှာ သန့်ရှင့်ရေးလုပ်ပြီး ပိုက်ဆံအကြွေတွေကိုလည်း လဲထားရသည်။ပိုက်ဆံတွေလဲပြီးသွားတော့ ပစ္စည်း အတိုး၊အလျော့တွေကို စစ်ဆေးပြီး လိုအပ်တာတွေကို စတိုးခန်းကနေယူပြီး ဖြည့်နေလိုက်သည်။

ကျန်တဲ့ကောင်မလေးတွေကလည်း ကိတ်မုန့်တွေ
စီတဲ့လူက စီ၊ကြမ်းတိုက်တဲ့သူက တိုက်၊
ခုံစီတဲ့သူက စီနဲ့ အားလုံးပြီးစီးသွားတော့ ကိုးနာရီပင် ထိုးခါနီးနေပြီးဖြစ်သည်။

သူ့ဆိုင်က မနက်လည်း နောက်ကျမှ ဖွင့်ဖြစ်သလို နေ့လယ်နှစ်နာရီမှသာ ထမင်းစား နားဖြစ်ကြတာကြောင့် ဆိုင်မဖွင့်ရသေးခင်မှာ ဝန်ထမ်းတွေကို အစာပြေအရင်စားခိုင်းလိုက်ပြီး ကိုးနာရီ ဆယ့်ငါးမိနစ်လောက်မှသာ ဆိုင်ဖွင့်ဖြစ်​တော့သည်။
မနက်ပိုင်းမှာတော့ ရှင်မင်းသက်က
ကောင်တာမှာ ထိုင်ပေးဖြစ်တာများသည်။

သူ့ဆိုင်က နာမည်အတော်အတန်ရှိပြီးသားဖြစ်သလို၊အွန်လိုင်းကနေလည်း ဝယ်ယူသူဘက်ကသာ ပစ္စည်းလာယူနိုင်မယ်ဆိုရင်တော့ အွန်လိုင်းကနေလည်း မှာယူလို့ရသည်။

"မမေသူရေ ဧည့်သည်တွေလည်း အရမ်းမများတာမို့ မနက်စာ မစားရသေးရင် စားလိုက်အုံးနော်။အငယ်နှစ်ယောက်ကိုလည်း ပြောလိုက်အုံး"

ဆိုင်မဖွင့်ခင်မှာ မနက်စာစားဖို့ အချိန်ပေးထားခဲ့ပေမဲ့ သူတို့လေးတွေစားနေတုန်းမှာ ခလေးမွေးနေ့အတွက်ဆိုပြီး ဆိုင်မဖွင့်ခင်မှာ ကိတ်နှင့်ဖျော်ရည်ကို အယောက်လေးဆယ်စာအတိ လာရောက်မှာယူခဲ့တာကြောင့် သူတို့မှာ မနက်စာပင် ဆက်မစားကြတော့ဘဲ ချက်ချင်းလုပ်ကိုင်ပေးခဲ့ကြသည်။ထို့ကြောင့် ရှင်မင်းသက်ခမျာ သူတို့လေးတွေ ဗိုက်ဆာနေမှာကို စိုးရိမ်နေရတာဖြစ်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now