Marriage Life. 1

18.7K 1K 49
                                    

Unicode

Marriage Life.1

"ပင်ပန်းနေပြီးလား သက်ငယ်"

နွမ်းနယ်နေပုံရသည့် သက်ငယ်ကြောင့် ကောင်းကင်မေးလိုက်သည်။

"မဟုတ်ပါဘူး ကားမူးရုံလေးပါ"

"ကိုယ်တို့ လေယာဉ်နဲ့လာလိုက်ရမှာကို ကိုယ့်အမှားပါ"

"မဟုတ်တာဗျာ။ကျွန်တော်ကိုယ်တိုင်က ကားစီးရင်းနဲ့ ရှုခင်းလေးတွေ ကြည့်ချင်လို့လေ။ကိုကောင်းအမှားမဟုတ်ပါဘူး"

"အင်း။ရောက်ဖို့ လိုသေးမယ်ထင်တယ်။ဒါမှမဟုတ် ကိုယ့်ပုခုံးပေါ် မှီအိပ်လိုက်မလား။ရှုခင်းလှလှလေးတွေ တွေ့ရင် ကိုယ်နှိုးမယ်......"

"အဲ့လိုလုပ်လို့ရလား...."

"ရတာပေါ့ ကိုယ်က သက်ငယ်ရဲ့အပိုင်ပဲဟာ..."

ထိုစကားကြောင့် ရှင်မင်းသက်မှာ နှုတ်ခမ်းစွန်းလေး ကော့တက်သွားရသည်။

"ခင်ဗျားက အပိုတွေ အရမ်းပြောတာပဲ"

စိတ်ထဲမပါသည့် အပြစ်တင်စကားကို ဆိုရင်း ကိုကောင်းပခုံးပေါ် မှီအိပ်လိုက်တော့သည်။
ပါးစပ်မှ အပြုံးကလည်း ချိတ်ဆွဲလျက်ပေါ့။

ယခုအချိန်မှာ ကောင်းကင်တို့ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းမှာတည်ရှိသည့် မွန်ပြည်နယ်ကို သွားနေတာ ဖြစ်သည်။

မွန်ပြည်နယ်ကို သွားရသည့် အကြောင်းအရင်းမှာ
သူ့၏ သက်ငယ်က Fbကြည့်ရင်းနှင့် News feed မှာ မွန်ပြည်နယ်က သဘာဝအလှအပတွေ၊
ဘုရားစေတီပုထိုးတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနှင့် ဒေသခံ တိုင်းရင်းသား ညီအစ်ကို မောင်နှမများတို့၏ ရိုးရာဓလေ့ ဖော်ရွေမှုတွေနှင့် ပြည့်နှက်နေသည့် ပြည်နယ်တစ်ခုဖြစ်သောကြောင့် သွားချင်တယ်ဟု ပြောလာလေသည်။ထို့ကြောင့် သက်ငယ်၏ သဘောအတိုင်း သွားနေခြင်းဖြစ်သည်။

ယခုတစ်ကြိမ်သွားသည့် ခရီးမှာသည် သမီးငယ်မပါဘဲ ကောင်းကင်တို့နှစ်ယောက်တည်း သွားရသည့်  ပထမဆုံးအကြိမ် ခရီးဖြစ်သည်။ထို့ကြောင့် ဟန်းနီးမွန်းခရီးလို့လည်း ပြောလို့ရသည်။

ကောင်းကင်တို့ လက်ထပ်ပြီးသည်မှာ တစ်လနီးပါးလောက် ရှိနေပေမဲ့ ယခုမှသာ ခရီးထွက်ဖြစ်သည်။ယောက္ခမကြီးက အိမ်မှာရှိနေတာကို သမက်လောင်းဖြစ်သည့်သူက သားဖြစ်သူကိုခေါ်ပြီး ဟန်းနီးမွန်းထွက်နေရင် အဆင်မပြေဘူးလေ။ဟုတ်တယ်မို့လား။ ယောက္ခမကြီးဆိုမှ မင်္ဂလာဦးညက အကြောင်းကို ကောင်းကင် ပြန်တွေးမိသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now