Ep.7

27.7K 2.2K 26
                                    

Ep.7

Unicode

ကံတရားဆိုသော အရာသည် ရှင်မင်းသက်ကို စနောက်ကျီစယ်ရသည်ကို အရမ်း နှစ်ခြိုက်သည် ထင်ပါရဲ့။ရှင်မင်းသက်၏ အေးချမ်နေပြီးဖြစ်သည့် ဘဝထဲသို့ ဒုတိယအကြိမ် မုန်တိုင်းက ထပ်မံကျရောက်လာကာ ရှင်မင်းသက်၏ ကမ္ဘာမှာ ထပ်မံ ပျက်စီး ပြိုလဲရပြန်တော့သည်။

အကြောင်းကာ

ရှင်မင်းသက်တစ်ယောက် အစာမကြေဖြစ်၍ ခဏခဏ အန်နေသလို၊ အန်လွန်း၍ အစားသောက်အနံ့ ရရုံနှင့်တင် ပြန်အန်ချင်နေသောကြောင့် ဆေခန်း သွားရ‌တော့သည်။

ဆေးခန်း ရောက်သောအခါ လူလည်း သ်ိပ်မရှိသည်ကြောင့် ခဏလေးသာ စောင့်လိုက်ရပြီး သူ့အလှည့် ရောက်လာတော့သည်။

ဆရာဝန်မှာ သူ့ကို စမ်းသပ်ပြီးရင်း စမ်းသပ်နေပြန်ကာ နောက်ဆုံးမှာတော့ သူ့ကို မေးလာတော့သည်။

"လူနာရဲ့အမျိူးသားရော
အတူပါလာလား"တဲ့လေ၊

"တစ်ယောက်ထဲ လာတာပါ။
တစ်ခုခုဖြစ်လို့လား "

ရုတ်တရက်မို့ ခဏလောက် ကြောင်အသွားပြီးမှသာ ပြန်ဖြေနိုင်တော့သည်။

"ဂုဏ်ယူပါတယ်ဗျာ။
ခင်ဗျားမှာ ကိုယ်ဝန် ရှိနေပါပြီး။
ယောက်ျားကိုယ်ဝန်ဆောင် ရှိတယ်ဆိုတာ
ကြားဖူးနေပေမဲ့ အခုမှပဲ ကိုယ့်မျက်လုံးနဲ့ ကိုယ်တိုင်
မျက်မြင် ကြုံဖူးတော့တယ်ဗျာ "

ပြန်ပြောလာသည့် ဆရာဝန်၏ စကားကြောင့် ရှင်မင်းသက်၏ ဦးနှောက်လေးမှာ ဗလာကျင်းသွားရသည်။အိမ်သို့ ဘယ်လို ဘယ်ပုံ ပြန်ရောက်လာမှန်းပင် မသိလိုက်။သူ သိသည့် တစ်ခုတည်းသော အရာမှာ သူ့ကျမှ ဘာကြောင့် ယခုလိုတွေ ကြုံတွေ့နေရတာလဲ။ဘာလို့ သူမှလဲ။

ပထမဆုံး အနေဖြင့် အရွယ်ရောက်လာသည့် အချိန်မှစ၍ ပုံမှန်ယောကျာ်းတစ်ယောက်လို အရွယ်ရောက်လာရမည့်အစား မိန်းခလေးတစ်ယောက်ကဲ့သို့ အရွယ်ရောက်လာရပြီး ဖွံ့ဖြိုးသင့်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေသည်လည်း သူ့အသက် ကြီးလာသည်နှင့်အမျှ မိန်းကလေးများကဲ့သို့ ဖွံ့ ဖြိုးလာကြသည်။ပခုံးပြင် ကျယ်လာရမည့်အစား ပခုံးမှာ
မကျယ်လာသည့်အပြင် လက်မောင်းကပါ သေးသွယ်နေလေသည်။ရင်ဘတ်သည်လည်း ပြားချပ်နေရမည့်အစား တင်းရင်း ကြီးထွားလာခဲ့သည်။ထို့အတူ ခါးသည်လည်း သေးသွယ်ကာ တင်ပါးသ်ာလည်း မိန်းခလေးများကဲ့သို့ စွင့်ကားလာသည်။တစ်ကိုယ်လုံးတွင် ယောက်ျားလေးနှင့် တူသည်ဆိုလို့ ဖွားဖက်တော်လေးသာရှိသည်။ထိုမျှ ပင် မကသေး။အရွယ်ရောက်လာသည်နှင့်အမျှ လူပျိုဖော် ဝင်ရမဲ့မည်းအစား လတိုင်းမဟုတ်သော်ငြား သုံးလ၊ လေးလမျှတစ်ကြိမ် သူ့ဘောင်းဘီတွေမှာ သွေးစိုနေတတ်သည်။ထိုသို့ ဖြစ်လာတိုင်း အနည်းဆုံး သုံးရက်မျှ ကြာတတ်သည်။ထိုအကြောင်းကိုတော့ သူ့အမေကို မပြောပြဖြစ်ခဲ့သလို ထိုအချိန်တုန်းကလည်း ထိုအရာမှာ ထူးဆန်းသည့် ကိစ္စဟု မထင်းထားခဲ့ပေ။

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora