Ep.16

24.4K 1.9K 13
                                    

Unicode

Ep.16.

ညအချိန်တွင် ဖြစ်သည်။

Ring..Ring...

ကောင်းကင်မှာ ရေချိုးပြီး၍ ခေါင်းသုတ်နေတုန်းမှာ  ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ ဇေယျာဆီကနေမို့ ချက်ချင်းကိုင်လိုက်သည်။

"မင်းကိုMail ပို့ထားတယ်။အဲတာက ဒီနေ့ စုံစမ်းရသမျှအကုန်ပဲ။ဒီည ထပ်မခိုင်းနဲ့တော့နော် ငါကောင်းကောင်းအိပ်ချင်တယ်"

"မင်းလုပ်ရဲရင်ပေါ့"ဟုသာ
ပြန်ပြောပြီး ဖုန်းချလိုက်သည်။

Laptopကိုဖွင့်ကာ Mail ဝင်စစ်လိုက်တော့ တွေ့လိုက်ရသည်က

အမည်- ဦးရှင်မင်းသက် (ဒေါ်ရှင်းသက်)

နာမည်နှင့်တင် ကောင်းကင်ကြောင်သွားရသည်။

'ထားပါလေ သူ့အကြောင်းနဲ့သူရှိမှာပေါ့။'

အသက် -24

'ငယ်သေးတာပဲ ငါ့ထက်တော့ '

မိဘအမည်(ဦးဝေဇင်+ဒေါ်သက်နွယ်)
(သက်ရှိထင်ရှားမရှိတော့ပါ)

'အထီးကျန် နေတော့မှာ '

မိသားစုဝင်- 5နှစ်အရွယ်ခလေးရှိ။

ခလေးအမည်- မရှုမဝ 'ပညာအလင်းရောင်' ကိုယ်ပိုင်မူကြိုကျောင်းတွင် ပညာသင်ယူနေဆဲဖြစ်သည်။

မရှုမဝ၏ မိဘအမည်- ဦးရှင်မင်းသက်နှင့် ဒေါ်ရှင်းသက်။

ကောင်းကင်မျက်လုံးပြူးသွားရသည်။

'ခလေးရဲ့မိဘအမည်က ဘာလို့ ရွှေအိုရောင်တစ်ယောက်ထဲရဲ့ နာမည်နဲ့လဲ။ပြီးတော့ ရွှေအိုရောင်မှာ ဘာကြောင့် မိန်းမနာမည်ရော၊ယောကျာ်းနာမည်ပါရှိနေတာလဲ၊ ဘာတွေလဲ။'

ကောင်းကင်မှာ သိချင်စိတ်ကိုထိန်းကာ ဆက်ကြည့်လိုက်သည်။

ခရီးသွားမှတ်တမ်း- ၂၀၁၄ခုနှစ် ဇွန်လ၅ရက်နေ့တွင်အမေရိကန်ကို သွားရောက်ခဲ့ပြီး Aဟိုတယ်တွင်တည်းခိုခဲ့သည်။ခရီးကြာချိန်မှာ သုံးရက်မျှသာဖြစ်သည်။

အမေရိကန်မှ ပြန်လာပြီး သုံးလလောက်အကြာ စက်တင်ဘာလ ၁၀ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ခဲ့သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now