Ep.8

27.7K 2.2K 23
                                    

Unicode

Ep.8

လေယာဉ်ပေါ်တွင် ဖြစ်သည်။

ယခုအချိန်တွင် ရှင်မင်းသက်သည် အသိစိတ်လွတ်နေသူကဲ့သို့ ဦးနှောက်သည်လည်း အကောင်းအဆိုး မခွဲခြားနိုင်တော့သလို သူ သိသည်မှာ သူသည် ယောကျာ်းတစ်ယောက်ဖြစ်သည်ကြောင့် သည်ကလေးကို မမွေးနိုင်သလို၊ကိုယ်ဝန်ဆောင်ရမည်ကိုလည်း အရမ်းကို ရှက်ပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်သည်နှင့် ဟိုတယ်Check Inဝင်ကာ မလိုအပ်သည့် အဝတ်အစားနှင့် အိတ်တွေကို ထားခဲ့ပြီး ဆေးရုံသို့ စာရင်း သွားသွင်းတော့သည်။

သူ့အလှည့်ကို စောင့်နေတုန်း သူနှင့်အတူ တခြား ကိုယ်ဝန်ဆောင်များလည်းရှိသည်။ထိုစဉ် သူ့အနားသို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ရောက်လာပြီး ပြုံးပြလာသည်ကြောင့် သူလည်း ပြုံးပြလိုက်သည်။သို့သော် သူ့မျက်နှာပေါ်မှ အပြုံးတို့ မပျောက်ကွယ်ခင်မှာပင် ထို ကိုယ်ဝန်ဆောင်အမျိုးသမီး ပြောလာသည့်စကားကြောင့် အပြုံးများပင် တွန့်သွားရကာ မျက်လုံးပြူး သွားရသည်။တခြားတော့မဟုတ် "တစ်ယောက်ထဲလား"ဟု မြန်မာစကားဖြင့် ပြောလာသောကြောင့် ဖြစ်သည်။မျက်လုံးပြူး၍ ကြောင်ကြည့်လိုက်မှသာ

"ညီမ စာရင်းပေးတဲ့အချိန်တုန်းက အစ်မက အနောက်မှာလေ။အဲ့တာကြောင့်ပါ"ဟု သူမက ရှင်မင်းသက် မျက်လုံးပြူးသွားရသည့် အကြောင်းကို သိသွားသည့်နှယ် ဖြေရှင်းချက် ထုတ်ပြောလာသည်။

"ညီမအလှည့်က အကြာကြီး လိုသေးမယ် ထင်တယ်။အဲ့တာကြောင့် အစ်မကို အချိန်ခဏလောက်ပေးပြီး စကားပြောကြမလား"

ရှင်မင်းသက် စိတ်ထဲတွင် တစ်မျိုးဖြစ်သွားရပေမဲ့ ထိုအမျိုးသမီးနှင့် စကားပြောရန် သဘောတူလိုက်သည်။

လူရှင်းသည့် နေရာကို ရှာလိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။သို့သော်ထိုင်းပြီး အတန်ကြာသည်အထိ ထိုအမျိုးသမီး ပြောလာမည့် စကားကို စောင့်နေသော်ငြား ထိုအမျိုးသမီးဘက်မှ မည်သည်ကိုမျှ ပြောမလာသောကြောင့် သူကပင် စကား စပြောလိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedOpowieści tętniące życiem. Odkryj je teraz