Ep.19

25.6K 1.9K 40
                                    

Unicode

Ep.19

နောက်တစ်နေ့တွင်ဖြစ်သည်။

ပုံမှန်ကြားနေကြ ဆူညံနေသည့် ကားသံများကြောင့်
ရှင်မင်းသက်တစ်ယောက် နိုးထလာရတော့သည်။

နိုးထလာသည်နှင့် ရင်ခွင်ထဲမှာရှိနေကျ အနွေးဓာတ်လေးကို မခံစားရတာကြောင့် ထိတ်လန့်ကာ
အနွေးဓာတ်လေးကိုရှာရန် ခန္ဓာကိုယ်ကို
လှည့်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးက
ကိုင်ရိုက်ခံထားရသည့်နှယ် နာကျင်ကိုက်ခဲနေလေသည်။ထို့အပြင်ညက ဖြစ်ရပ်တွေကိုလည်း
ရုပ်ရှင်အနှေးပြကွက်လို
ထင်ထင်ရှားရှား ပြန်လည်မြင်ယောင်လာတော့သည်။

'သွားပြီ...သူအရမ်းမှားသွားပြီ။အခုချိန်လောက်ဆို
ခလေးငယ်က သူ့ကို အရမ်းမုန်းနေတော့မယ်ထင်ပါရဲ့'

ရှင်မင်းသက်တစ်ယောက် ကိုယ့်လက်ဖဝါးကို
ပြန်ကြည့်ကာ မျက်ရည်ကျလာတော့သည်။
ကိုယ်တိုင်အသက်နဲ့ရင်းပြီး လွယ်မွေးခဲ့တဲ့ခလေးကို
သူ့လက်ဖဝါးနှစ်ဖက်နှင့် သူကိုယ်တိုင်အကြမ်းပတမ်း တွန်းထုတ်ခဲ့ရုံတင်မကဘဲ
မွေးကတည်းက တစ်ခါမှ နာမည်တပ်ပြီး
မခေါ်ဖူးခဲ့တဲ့ ခလေးကို နာမည်တပ်ခေါ် ပြီး ရက်ရက်စက်စက်ပြောဆိုကာ
သူကိုယ်တိုင်...သူကိုယ်တိုင် မောင်းထုတ်နေခဲ့သည်တဲ့။

တကယ်ဆိုရင် ခလေးငယ်က နောက်အဖေတစ်ယောက်ဖြစ်တဲ့ သူ့ဒယ်ဒီနှင့် အတူနေချင်ရုံလေးတင်ကို သူက ဘယ်လိုလုပ်ပြီး အခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ပြောဆိုမောင်းထုတ်ရက်ခဲ့တာပါလိမ့်။နောက်ပိုင်းမှာ ခလေးငယ်က 'ပါးပါး'လို့ခေါ်ပြီး သူ့ကို လာဖက်ပါအုံးမလား။'ပါးပါးကို ချစ်လို့ပါ'ဆိုပြီး
လာချွဲအုံးမှာလား။သူ့ခလေးငယ်နှင့်အတူ
အရင်တုန်းကလို ပျော်ရွှင်နွေးထွေးတဲ့
နေ့ရက်တွေကိုရော ပြန်ရနိုင်ပါအုံးမလား။

ရှင်မင်းသက်တစ်ယောက် တွေးရင်း တွေးရင်း
မျက်ရည်ကျရုံမက ရှိုက်သံတွေပါ ထွက်လာတော့သည်။သို့သော် မျက်ရည်ကျနေရုံနှင့် မပြီး။သိပ်မကြာခင်အချိန်တိုလေးအတွင်းမှာ ခလေးငယ်က
နိုးထလာတော့မည်ဖြစ်သည်။ခလေးငယ်နိုးထလာသည်နှင့် အဆင်သင့် စားသောက်နိုင်ဖို့အတွက်
သူ ချက်ပြုတ်ပြင်ဆင်ထားရမည်။ထို့အပြင်
ခလေးငယ်၏ နေ့လယ်စာ ထမင်းဘူးအတွက်ကိုလည်း ပြင်ဆင်ရအုံးမည်ဖြစ်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now