Ep.13

24.7K 2K 14
                                    

Unicode

Ep.13

တစ်ပတ်အကြာတွင်ဖြစ်သည်။

"အစ်မဖြိုးမေရေ၊ မမရေ အိမ်ပြန်ကြရအောင်လေ။ကျွန်တော် နေကောင်းနေပါပြီးဆို။ခလေးငယ်လဲ
နေကောင်းတယ်လေ အိမ်ပြန်ရအောင်ပါ နော် "

ရှင်မင်းသက်တစ်ယောက် ဆေးရုံပေါ်ကနေ ဆင်းခွင့်ရဖို့အတွက် အစ်မဖြိုးမေကို ဂျစ်တိုက်နေခြင်းဖြစ်သည်။

သူ(မ)က ဆေးရုံမှာဆက်နေဖို့ ပြောသော်လည်း
ထိုကောင်လေးဟာ နားမထောင်ဘဲ ပြန်မည်ဟုသာ တဂျီဂျီ လုပ်နေသည်။ဒီလူက စိတ်ပူလို့ ပြောနေသည်ကိုလည်း နားမထောင်ပေ။

"အစ်မဖြိုးမေ စိတ်ပူတာကို ကျွန်တော်သိပါတယ်။
ဒါပေမဲ့ ကျွန်တော် အိမ်ကိုပြန်ချင်လို့ပါ"

မျက်နှာငယ်လေးနှင့် ပြောနေပြန်သည်ကြောင့်
သူ(မ)မှာ လက်မခံချင်ဘဲ လက်ခံရတော့မည်။
ထိုမျက်နှာလှလှလေးရဲ့ ချွဲနွဲ့မှုကို သူ(မ) မလွန်ဆန်နိုင်ပေ။မျက်နှာလှလှတွေကာ အန္တာရာယ်များလှသည်။သူ(မ)သက်ပြင်းချလိုက်ကာ

"ကောင်းပါပြီရှင်။ဆရာဝန်လာစစ်တဲ့အခါ ပြန်လို့ရ၊ မရ မေးပေးမယ်။ဆရာဝန်က ပြန်လို့ရတယ်လို့
ပြောမှ ပြန်ရမှာနော်"

ထိုသို့ ပြောလိုက်တော့လည်း ခလေးပေါက်စနထက်ပင် ချစ်ဖို့ကောင်းအောင် ခေါင်းညိတ်ပြနေပြန်ပါသည်။ တကယ့် အလည်လေး။

နောက်တစ်နေ့မနက်တွင်

"မောင်လေးရယ် ဖြည်းဖြည်းလျောက်ပါကွယ်။
ချူပ်ရိုးက ပြန်ကွဲနေအုံးမယ်လေ"

"ခလေးငယ်ကို လေစိမ်းတွေတိုက်ပြီး
နေမကောင်းဖြစ်မှာ စိုးလို့ပါ"

ဆေးရုံကနေ ဆင်းခွင့်ရပြီးဖြစ်တာကြောင့်
အိမ်ပြန်ဖို့ လုပ်နေကြတာဖြစ်သည်။ဆေးရုံရှေ့နှင့်
လာကြိုတဲ့ကားက သိပ်မဝေးသော်လည်း နုနယ်လွန်းသည့် ခလေးငယ်ကို လေစိမ်းတွေ မထိစေချင်ပါ။
လေစိမ်းထိပြီး ဖျားမည်ကို သူမလိုလားပါ။ထို့အပြင် အစ်မဖြိုးမေက စိတ်အပူလွန်နေတာ ဖြစ်သည်။
ချုပ်ရိုးမှာ အစ်မဖြိုးမေထင်သလောက်လည်း မနာတော့ပေ။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now