Ep.5

31.5K 2.4K 32
                                    

Ep.5

Unicode

အပေါ်ထပ်သို့ ရောက်သည်နှင့် ကလေးငယ်ကို ရေတစ်ခွက်တိုက်ကာ ချွေးတိတ်သွားသည်နှင့် ရေချိုးပေးလိုက်သည်။ပြီးသည်နှင့် သရေစာမုန့်ကျွေးကာ ကလေးငယ် အိမ်စာလုပ်နေသည်ကို ထိုင်စောင့်နေရင်းမှ အတွေးတို့က လွန်ခဲ့သည့် ခြောက်နှစ်ကျော်ကာလသို့ ပြန်ရောက်သွားတော့သည်။

(လွန်ခဲ့သော ခြောက်နှစ်....)
________________________

ရှင်မင်းသက်သည် ကြောင်တောင်တောင်ဖြင့် တစ်ခါမှ မရောက်ဖူးသေးသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။သူ ရောက်လာသည့် အချိန်သည်လည်း မစောတော့တာကြောင့် အစစ်ဆေးခံကာ လေယာဉ်ပေါ်သို့သာ တက်သွားလိုက်သည်။

လေယာဉ်ပေါ် ရောက်သည်နှင့် အမေ ချန်ထားခဲ့သည့် စာတိုအကြောင်းကို ပြန်စဉ်းစားနေလိုက်သည်။
အမေက လွန်ခဲ့သည့် နှစ်နှစ် သူ့အသက် ၁၆နှစ်တွင် သူ့ကို လောကကြီးထဲ တစ်ယောက်တည်း ထားခဲ့ပြီးဖြစ်သည်။

သို့နှင့် လွန်ခဲ့သည့် သုံးလ သူ့အသက် ၁၈နှစ်ပြည့် မွေးနေ့တွင် သူ့အမေ ငှားထားသည့် ရှေ့နေဟုဆိုကာ ရှေ့နေကြီးတစ်ယောက်က သူ့အိမ်သို့ ရောက်လာခဲ့သည်။

'သား အသက် ဆယ့်ရှစ်နှစ်ပြည့်ရင် သားအမေက သားဆီလွှဲပေးဖို့ ဦးကို မှာထားတာ'ဟု ဆိုကာ စာအိတ်နှစ်အိတ်ကို ပေးလာသည်။လက်ခံပြီးစီးကြောင်း လက်မှတ်ထိုးခိုင်းသေးသည်ကြောင့် သူ့မှာ ကြောင်တောင်တောင်နှင့် လက်မှတ် ထိုးပေးခဲ့ရ‌သေးသည်။

စာအိတ်ထဲတွင် ဘဏ်စာအုပ်တစ်အုပ်နှင့်အတူ ဆွဲကြိုးတစ်ကုံးနှင့် စာတစ်စောင်လည်း ပါသေးသည်။ဘဏ်စာအုပ်ထဲမှ ငွေအမောက်ကို မြင်လိုက်လိုက်ရသည့်အချိန်တွင်လည်း သူ့မှာ လန့်သွားရသေးသည်။သူ့ဘက်က မည်သည်ကိုမှ မလုပ်ကိုင်ဘဲ တစ်သက်လုံး ထိုင်စားနေလျှင်တောင် မကုန်နိုင်သည့် ပိုက်ဆံတွေကြောင့် ဖြစ်သည်။

စာထဲမှာတော့ အမေရိကတွင် သူ့၏ အဖေဖြစ်သူနှင့် အမြွှာအစ်မဖြစ်သူတို့ ရှိသေးကြောင်းနှင့် သွားရှာရန်လိပ်စာနှင့်အတူ ဓာတ်ပုံတစ်ပုံလည်း ပါသေးသည်။
ထိုကြောင့် ရှင်မင်းသက်မှာ နာရီပေါင်းများစွာ ကြာအောင် တစ်ခါမျှ မစီးဖူးသေးသည့် လေယာဉ်ကြီးကို စီးကာ အမေရိကသို့ သွားနေခြင်းဖြစ်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now