Ep.32

16.7K 1.2K 32
                                    

Unicode

Ep.32

ဂျေးမီ စိတ်ရှုပ်နေမိသည်။အကြောင်းကာ
အရှည်မက ဆွေးနွေးစရာရှိသည်မို့ သူ့ဆိုင်ကို လာခဲ့ပါအုံးတဲ့လေ။ခေါ်တာတောင် အကြောကြီးနှင့် နည်းနည်းလေးမှ အချိုးမပြေ။သို့သော် သူ(မ)ဘက်က လည်း သဘောတူခဲ့မိသည်။ထားလိုက်ပါလေ။အရေးကြီးဆုံးက အရှည်မထက် လှနေအောင် ပြင်ဆင်ရမည်ဖြစ်သည်။

ရှင်မင်းသက်သည် ယနေ့မှာ သူသိလိုသည်ကို သိရတော့မည်ဖြစ်တာ​ကြောင့် အလွန် စိတ်လှုပ်ရှားနေမိသည်။ထို့ကြောင့်လည်း ထိုအစ်မကြီးကို မနက်ဆိုင်ဖွင့်ကတည်းက မျှော်နေခြင်း ဖြစ်သည်။သို့သော် အကြာကြီး ​မျှော်နေခဲ့ပေမဲ့ နေ့လယ်စာစားချိန် ကျော်သွားတာတောင် ထိုအစ်မကြီးက ပေါ်မလာခဲ့ပေ။စိတ်မရှည်တော့တာကြောင့် ​စောင့်ရင်းနှင့် မုန့်တွေ ဖုတ်နေလိုက်တော့သည်။

'မိန်းမတွေများ ပြောပြီးသားစကားကို တည်လည်း မတည်ဘူး '

ဂျေးမီကာ ပြောပြီးသားစကား
မတည်တာ မဟုတ်ပေ။သူ(မ)နှင့် ပါလာခဲ့သည့်  အဝတ်အစားတွေမှာ လုံလောက်အောင် မလှပဟု ထင်မိသည်ကြောင့် ကုန်တိုက်သွားကာ အဝတ်အစားအသစ် ဝယ်ခဲ့သလို အလှပြင်ဆိုင်ကိုလည်း ဝင်ခဲ့သေးသည်။

ယခုလို လုပ်ရခြင်းမှာ အရှည်မထက် ပိုလှရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ခွဲစိတ်ပြုပြင်ပြီးကတည်းက အလှဆုံးမဟုတ်ပေမဲ့ မည်သူကမှ သူ(မ)ကို မလှဘူးဟု မပြောခဲ့ကြပေ။သို့သော် ထိုအရှည်မကတော့ သူ(မ)ကို ခဏလေးသာကြည့်ပြီး 'ကျွန်မလောက်တောင် မလှဘူး'ဟု ပြောလာသည်လေ။ထို့ကြောင့် သူ(မ)က ပိုလှ​နေရမည်။

အကုန်လုံး ပြင်ဆင်ပြီးသောအခါ အချိန်ကို ကြည့်လိုက်တော့ နေ့လယ် နှစ်နာရီပင် ကျော်နေပြီးဖြစ်သည်။ချိန်းဆိုထားသည့်အချိန်ထက် နောက်ကျနေပေမဲ့ အလျင်မလိုပေ။

ကုန်တိုက်ထဲမှ ကြွကြွရွရွ ထွက်လာကာ ကုန်တိုက်နှင့် Cafe၏ အကွာအဝေးက သိပ်မများသော်လည်း Taxi ငှားစီးလိုက်သည်။ကားပိတ်ခြင်းကြောင့် ငါးမိနစ်လောက်သာ လမ်း​လျှောက်ရမည့်ခရီးဟာ ဆယ့်ငါးမိနစ်​အထိ ကြာခဲ့လေသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now