Extra for Chuu

7.9K 341 18
                                    

Unicode

"မပျော်ဘူးလား သက်ငယ်"

"မဟုတ်ပါဘူး ကျွန်တော်ပျော်ပါတယ်"

"ဒါပေမဲ့ သက်ငယ်မျက်နှာက မလန်း ဘူးလေ"

"ကလေးတွေနဲ့ မေ့ကို စိတ်ပူလို့ပါ အဆင်မှပြေပါ့မလားပဲ"

"ကလေးတွေလည်း ကြီးလာပြီလေ အသက်ရဲ့။ကိုယ်တို့က ခနခန ခရီးမထွက်ဖြစ်ဘူးလေ။အဲတာကြောင့် လာခွင့်ရတုန်းလေး ပြုံးပြုံးရွှင်ရွှင်နေပါကွာ နော်"

"အွန်း"

ကိုကောင်းအပြောကြောင့် ရှင်မင်းသက်လည်း အတွေးတို့ကို ခေါက်သိမ်းကာ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာတော့သည်။

သူတို့နှစ်ယောက်ကာ ကလေးတွေမပါဘဲ နှစ်ယောက်ထဲ ဘန်ကောက်ကို ရောက်နေကြတာဖြစ်သည်။သွား‌လေရာ အမြဲ လိုက်ချင်နေသည့် ကလေးသုံးယောက်သည် သည်တစ်ခေါက်တွင်တော့ ထူးထူးဆန်းဆန်း 'သားတို့ မလိုက်တော့ဘူး'ဟု ငြင်းခဲ့ကြသည်။ကိုကောင်း ဘယ်လိုတွေ စည်းရုံးရေးဆင်းခဲ့သလဲတော့ ရှင်မင်းသက် မပြောတတ်ပေ။

နှစ်ယောက်ထဲ အတူခရီးထွက်ဖို့ရန် ကိုကောင်းက ခနခန တောင်းဆိုတတ်သော်လည်း ကလေးတွေနှင့်သာ အတူသွားချင်သည့် သူ့ကြောင့် ထိုကိစ္စက အကောင်ထည် မပေါ်လာခဲ့ပေ။ထို့ကြောင့် ကလေးတွေကလည်း ကြည်ကြည်ဖြူဖြူနှင့် မလိုက်ဘူးဟု ငြင်းခဲ့သည်ကြောင့် သည်တစ်ခေါက်မှာတော့ နှစ်ယောက်ထဲ အတူရောက်လာခဲ့ကြခြင်းပင်။

ရှင်မင်းသက်မသိလိုက်သည်မှာ တိမ်ကောင်းကင်က "ဖေကြီးတို့ မောင်လေး၊ညီမလေးတွေ ခေါ်လာခဲ့မယ်။မောင်လေး၊ညီမလေးလိုချင်ရင် ‌အိမ်မှာပဲ လိမ်လိမ်မာမာ စောင့်နေ"ဟူသောစကားဖြင့် ကလေးတွေကို စည်းရုံးခဲ့ခြင်းပင်။

ရှင်မင်းသက်သည် ထိုင်းနိုင်ငံတွင် နှစ်အတော်ကြာ နေခဲ့ဖူးသော်လည်း ဆေးရုံနှင့် ကော်ဖီဆိုင်မှလွဲ၍ မည်သည့်နေရာကိုမှ မသွားခဲ့ဖူးပေ။ထို့ကြောင့် မည်သည့်နေရာတွင် မည်သည်ရှိမှန်း သူမသိပေ။

"ကိုယ်တို့ ညဈေးသွားကြမလား သက်ငယ်။ဘန်ကောက် ညဈေးက နာမည်‌ကြီးတယ်လို့ ကိုယ်ကြားဖူးတယ်"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now