Ep.39

17.2K 1.3K 44
                                    

Unicode

Ep.39

လေယာဉ်ကွင်းမှ ထွက်လာသည်နှင့် သူ့အိမ်ကိုသာပြန်ရန် ဆုံးဖြတ်လိုက်သည်။ခလေးငယ်နှင့် ကိုကောင်းရှိသည့်အိမ်ကို သွားချင်သော်လည်း သူက အပြစ်သားမဟုတ်ပါလား။

အိမ်ရောက်သည်နှင့် အရင်ဦးဆုံး အိပ်ရန် ဆုံးဖြတ်ထားသော်လည်း အိပ်မပျော်နိုင်ပေ။အိမ်သန့်ရှင်းရေးလုပ်ရန် ကြည့်လိုက်သောအခါတွင်လည်း
ကိုကောင်းတို့ အမြဲလာလုပ်ပေးနေကြဖြစ်မည်ထင်။
တစ်အိမ်လုံးသည် လူနေထားသည့်အတိုင်း ဖုန်တစ်စက်မျှပင် ရှိမနေပေ။ထို့ကြောင့် ဆွမ်းတော်စွန့်ကာ အဝတ်တွေသာ လျော်နေလိုက်သည်။

ခေါင်းမိုးထပ်တွင် အဝတ်လှန်းနေတုန်း တစ်ယောက်ယောက်ဆီမှ စိုက်ကြည့်ခံနေရသလို ခံစားလိုက်ရသည်ကြောင့် လှည့်ကြည့်လိုက်သောအခါ သူ့က်ို စိုက်ကြည့်နေသည့် ကိုကောင်းကို တွေ့လိုက်ရသည်။ထို့ကြောင့် လက်ထဲမှ အဝတ်ခြင်းကပင် ပြုတ်ကျသွားရသည်။

"မင်း......"

"........"

ရှင်မင်းသက်သည် ကိုကောင်းကို တွေ့လိုက်ရသည်နှင့် မည်သည်ကို ပြန်ပြောရမှန်းပင် မသိတော့။မျက်ရည်တွေသာ တပေါက်ပေါက် ကျလာရသည်။

စိတ်ဓာတ်မာကျောလွန်းကာ လွယ်လွယ်နှင့် မျက်ရည်မကျတတ်သည့် ရှင်မင်းသက်သည် ယခုအချိန်တွင် ကိုကောင်းကို တွေ့လိုက်ရုံနှင့်တင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ငိုနေသည်တဲ့လေ။မဟုတ်သေးဘူး။အခုမှ မဟုတ်ဘဲ ကိုကောင်းနှင့် ခလေးငယ်တို့နှင့် ပတ်သတ်လာလျှင် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက မျက်ရည်လွယ်ခဲ့တာလို့ ပြောရင် ပိုမှန်မည်ထင်။ထို့ကြောင့် မည်သည်ကိုမျှ စဉ်းစားမနေတော့ဘဲ ကိုကောင်းကိုသာ ပြေးဖက်လိုက်တော့သည်။

သည်လူကြီးနှင့် နွေးထွေးလွန်းသည့် သည်ရင်ခွင်ကြီးကို လွန်ခဲ့သည့် နှစ်နှစ်ကတည်းက အလွန့်အလွန် လွမ်းနေခဲ့တာဖြစ်သည်။ထို့ကြောင့် တင်းတင်းကြပ်ကြပ်သာ ဖက်တွယ်ထားလိုက်သည်။ကိုကောင်းဘက်က သူ့ကို ပြန်ဖက်မလာသော်လည်း ထိုအချင်းအရာကို စိတ်ထဲထားမနေဘဲ ဆက်ပြီးတော့သာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now