Ep.20

24.6K 1.8K 37
                                    

Unicode


Ep.20

ရှင်မင်းသက်  ခ​လေးငယ်ကို ကျောင်းပို့ပြီးအပြန်မှာ ဆေးခန်းဝင်ပြလိုက်ရသည်။မဖြစ်စလောက် ဒဏ်ရာလေးကို ထိုလူကြီးက ခ​လေးငယ်ကိုသွားပြောကာ ရှင်မင်းသက်ကို ခ​လေးငယ်ဆီမှ အပြောခံရအောင်လုပ်သည်။

ရှင်မင်းသက်မှာ ဆေးခန်းမသွားချင်ပေမဲ့ ခလေးငယ်ရဲ့"ပါးပါးက မီးကိုမချစ်တော့လို့လား"ဟူသော
စကားကြောင့် ဆေးခန်းသွား လိုက်ရသည်။

ထိုလူကို နည်းနည်းမှမကျေနပ်ပါ။ အပ်ကြောက်တာမဟုတ်ပေမဲ့လည်း ဆေးထိုးခံရတာကို ရှင်မင်းသက် မုန်းပါသည်။တော်သေးလို့ပေါ့ ဆရာဝန်က ဆေးမထိုးတာ ။

စိတ်ထဲမှ မကျေနပ်တာတွေကိုတွေးနေရင်းနှင့်
cafe ကိုပြန်ရောက်လာတော့ စားသုံးသူတွေပင်
ရောက်နေပြီ ဖြစ်သည်။

ဧည့်သည်တွေ အရမ်းမများတာကြောင့် ရှင်မင်းသက် ဆိုင်မထိုင်တော့ဖို့ စိတ်ကူးလိုက်သည်။ထိုလူအတွက်လည်း အခန်းရှင်းပေးရမှာဖြစ်သလို
ဆရာဝန်ကလည်း သိပ်မလှုပ်ရှားဖို့ပြောထားသေးသည်။ထို့ကြောင့်...

"မမေသူ ဒီနေ့ ကိုယ်ဆိုင်မထိုင်တော့ဘူးနော် ..
ဖြစ်ရဲ့လား ဒါပေမဲ့ လူတွေအရမ်းများလာရင်
ကိုယ့်ကိုဖုန်းလှမ်းဆက်လိုက်နော် ကိုယ်ဆင်းလာမယ်"

"ဟုတ်ကဲ့ပါ မသက်ရဲ့
အခုထိတော့ အဆင်ပြေနေပါတယ်"

"ကောင်းပါပြီ​။ "

မမေသူကို မှာစရာရှိတာမှာကာ  သူ့နောက်မှာ
ရပ်နေသည့် ထိုလူကိုခေါ်၍ အပေါ်ထပ်ကို
တက်လာခဲ့လိုက်သည်။

"ခင်ဗျား တစ်ခုခုသောက်ချင်ရင် ရေခဲသေတ္တာထဲမှာသွားယူသောက်လို့ရတယ်"

ပြောပြီးသွားသည်နှင့် laptop ယူရန် အခန်းထဲဝင်သွားလိုက်သည်။

ကောင်းကင်မှာတော့ ရွှေအိုရောင်၏ ဧည့်ဝတ်ကျေမှုကြောင့် ရေသောက်ချင်စိတ်ပင် ပျောက်သွားရကာ ဧည့်ခန်းမှာသာ ထိုင်စောင့်နေလိုက်သည်။သိပ်မကြာလိုက်ခင်မှာဘဲ ရွှေအိုရောင်က ထွက်လာသည်။

"အတူတူ​နေတဲ့အခါ အဆင်ပြေရအောင် ကျွန်တော်တို့ ညှိနှိုင်းဖို့လိုတယ်။အထူးသဖြင့် ခလေးငယ်​ရှေ့မှာပေါ့..။အဲ့တာကြောင့် ကျွန်တော်တို့ စာချုပ်တစ်ခုလုပ်ရအောင်"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now