Ep.41

17K 1.2K 29
                                    

Unicode

Ep.41

ရှင်မင်းသက်သည် တစ်ယောက်ထဲပျင်းနေသောကြောင့် ဧည့်ခန်းဆိုဖာပေါ်မှာပင် ကိုကောင်းကို စောင့်ရင်း အိပ်ရန် ပြင်လိုက်သည်။လွန်ခဲ့သည့်ရက်တွေမှာတော့ ကိုကောင်းသည် သူ့အနားမှာ နှစ်ဆယ့်လေးနာရီလုံးလုံး ရှိနေပေးခဲ့သော်လည်း ယနေ့မှာတော့ ကုမ္ပဏီမှာ အရေးကြီးကိစ္စရှိသည်ဟု ဖုန်းဆက်လာတာကြောင့် သူကိုယ်တိုင်ကပင် သွားခိုင်းလိုက်တာဖြစ်သည်။သို့သော် အခုမှာတော့ သူတစ်ယောက်ထဲ ပျင်းနေရပြီဖြစ်သည်။
.

"သားရယ် တကယ်ပဲပြန်တော့မလို့လား။
ဖေဖေတို့နဲ့ ထပ်နေပါဦးသားရာ..."

"တောင်းပန်ပါတယ် ဖေဖေ။ကျွန်တော် အိမ်ပြန်ချင်နေပြီမို့လို့ပါ။ပြီးတော့ ကျွန်တော့်သမီးနဲ့ ကျွန်တော့်အမျိုးသားကို ပစ်ထားတာလည်း ကြာနေပြီ။သူတို့တွေကို ကျွန်တော် လွမ်းနေပြီး..။"

"မင်း...သားက ယောကျာ်းလေးတစ်ယောက်ပဲဟာ။နောက်ပြီး သားတို့က တရားဝင် လက်ထပ်ထားတာလည်း မဟုတ်ဘူးလေ။မြေးလေးကို ဒီကိုခေါ်လာပြီး အဖေတို့မိသားစု အတူတူနေကြမယ်လေ"

ရှင်မင်းသက်သည် ခေါင်းငုံ့ထားရာမှ သူ့အဖေကို မော့ကြည့်လိုက်သည်။

"ဖေဖေက ကျွန်တော့်အဖေဆိုပေမဲ့ ကျွန်တော့်သမီးနဲ့ အဲ့အမျိုးသားကိုပဲ ကျွန်တော်ရွေးချယ်ပါရစေ။
သူတို့လေးတွေကသာ ကျွန်တော့်ရဲ့အိမ်လို့ ခံစားရတာမို့လို့ပါ။ကျွန်တော် ငယ်ငယ်လေးကတည်းကနေ အခုအသက်အရွယ်ရောက်လာတဲ့အထိ အ​ဖေက ကျွန်တော့်ကို မွေးထုတ်ပေးထားတာကလွဲလို့ ကျွန်တော့်အတွက်လုပ်ပေးခဲ့တာတွေ၊ကျွေးမွေးပြုစုပေးထားတာတွေ မရှိခဲ့ပါဘူး။ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော် လုပ်ပေးနိုင်သလောက် အဖေ့အတွက် လုပ်ပေးခဲ့တယ်။အဖေ့အထင်မှာ ဘယ်လိုလဲတော့မသိပေမဲ့ ကျွန်တော့်အတွက်တော့ အ​ဖေ့ကို ကျေးဇူးဆပ်ခဲ့ပြီးလို့ မှတ်ယူတာမို့ ကျွန်တော့်အိမ်ကို ပြန်ပါရစေ။တကယ်လို့ ဖေဖေကသာ ကျွန်တော့်ဖြစ်တည်မှုနဲ့ ကျွန်တော့်မိသားစုကို လက်ခံနိုင်ပြီဆိုရင်  သူတို့နဲ့အတူ အဖေ့ဆီပြန်လာခဲ့ပါ့မယ်။အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါအုံး ဖေဖေ"

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora