Marriage Life.6

12.6K 814 42
                                    

Unicode

Marriage Life.6

နေ့လယ်စာ စားပြီးလို့ အချိုပွဲအနေနဲ့ ဧည့်ခန်းထဲမှာ ဖရဲသီးစားနေရင်း ရှင်မင်းသက်တွေးနေမိတယ်။

အခုတေလာ သူဟာ တော်တော်လေးကို ဝလာတယ်။ပုံမှန်ထပ်လည်း ပိုစားဖြစ်ပြီး အမြဲတမ်း အိပ်ငိုက်နေတတ်ပြန်တယ်။
ဝတ်နေကျဘောင်းဘီတွေလည်း ကြယ်သီးတပ်လို့မရတော့။ထိုအကြောင်းတွေကြောင့် ရှင်မင်းသက်ဟာ တော်တော်လေးကို စိတ်ညစ်နေမိတော့သည်။

အခုလည်း ဖရဲသီးတစ်လုံးကို မခွဲဘဲနဲ့ အလယ်ကနေ ထက်ဝက်ပိုင်းပြီး ဇွန်းနဲ့ကလော်စားနေရင်းမှ မာလာရှမ်းကော စားချင်လာပြန်တာမို့ ကိုကောင်းဆီ ဖုန်းဆက်လိုက်သည်။

"သက်ငယ်လေး ကိုယ့်ဆီ ဖုန်းဆက်လာတယ်.."

"အွန်း..ဒီနေ့ရော နေကောင်းရဲ့လား...."

ဆေးစစ်ချက်အဖြေမှာ ကိုကောင်းရဲ့ ဘာရောဂါကိုမှ မတွေ့ခဲ့ဘူး။ဒါပေမယ့်လည်း အန်တာနဲ့ ခေါင်းမူးတာက ဆေးထိုး၊ဆေးသောက်တာတောင် လွယ်လွယ်နဲ့မပျောက်ဘဲ တစ်လခွဲလောက် အိမ်မှာ အနားယူခိုင်းလိုက်ရတယ်လေ။ကိုကောင်းကို အလုပ်သွားခွင့်ပြုလိုက်တာ ဘယ်နှစ်ရက်မှပင် မရှိသေး။

"ကိုယ်နေကောင်းပါတယ်။အသက်က ကိုယ့်ကိုလွမ်းလို့လား "

"မဟုတ်တာ။ကျွန်တော် မှာချင်တာလေးရှိလို့လေ။ အစ်ကိုဝယ်ပေးမယ် မဟုတ်လား... "

"သက်ငယ်လေးက ကိုယ့်ကို မလွမ်းလို့ စိတ်မကောင်းဖြစ်မိပေမဲ့ အသက်လိုချင်တာအကုန်လုံး ကိုယ်ဝယ်ပေးမှာပေါ့။ အာဘွားတော့ ပေးရမှာပေါ့ သိတယ်မို့လား "

ဘာရောဂါမှန်း ရေရေရာရာမသိရဘဲ ခဏခဏ ခေါင်းမူး၊ခေါင်းကိုက်နေတာကြောင့် သက်ငယ်ရဲ့အမိန့်နဲ့ အိမ်မှာသာ အနားယူနေရသည်မှာ ဒီရက်ပိုင်းတွေမှသာ ကုမ္ပဏီကို လာဖြစ်တော့တယ်။

ကောင်းကင်က ဒီရက်ပိုင်းတွေမှ ကုမ္ပဏီကိုသွားရပေမဲ့ ဒီရက်ပိုင်းမှာတင် သူ့ရဲ့သက်ငယ်လေးက အိမ်ကိုပြန်လာတဲ့လမ်းမှာ တစ်ခုခုဝယ်လာဖို့ ဖုန်းဆက်ပြီး မှာတတ်လာတယ်လေ။ကောင်းကင်မှာတော့ အမောပြေ ဖုန်းပြောခွင့်ရယ်၊သူ့ဘက်က အတင်းတောင်းဆိုသလိုဖြစ်ပေမဲ့ တစ်ခုခုဝယ်လာခိုင်းရင် အဘွားတောင်းနေကျမို့ လေလှိုင်းထဲကရတဲ့ အာဘွားလေးကပင် တော်တော်လေးကို အမောပြေစေတယ်လေ။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now