Ep.31

17.1K 1.2K 41
                                    

Unicode

Ep.31

ညစာ စားနေချိန်တွင်ဖြစ်သည်။

"ကိုကောင်း ဟိုအစ်မကြီးက ကိုကောင်းတို့ ကုမ္ပဏီမှာ အလုပ်ဆင်းနေသေးလား။သူ့ဖုန်းနံပါတ်ရော ရှိလားဟင်"

ကိုကောင်းကို အရဲစွန့်ကာ မေးလိုက်သည် ။
တကယ်တော့ မေးရင်ကောင်းမလား မမေးရင်ကောင်းမလားလို့ စဉ်းစားနေခဲ့တာ တစ်ပတ်လောက်တောင် ရှိနေပြီးဖြစ်သည်။

"ဘာဖြစ်လို့လဲ သက်ငယ် ကိုယ့်မှာ
သူ့ဖုန်းနံပါတ်တော့ မရှိဘူး။ဒါပေမဲ့ ကိုယ်တို့ ကုမ္ပဏီမှာ သူလည်း ရှယ်ယာဝင်ထားတာမို့ ကုမ္ပဏီကို နေ့တိုင်းမဟုတ်ပေမဲ့ တစ်ခါတစ်လေတော့ လာပါတယ် "

သက်ငယ်က ဘာလို့ မေးမှန်းမသိပေမဲ့ အမှန်တိုင်းသာဖြေလိုက်သည်။

"ဟို... အဲ့တာဆို အဲ့အစ်မကြီး ကုမ္ပဏီကိုလာရင် ကိုကောင်းက ဖုန်းနံပါတ်လေး တောင်းပေးထားလို့ရမလားဟင် "

ကောင်းကင်မှာ စိတ်ထဲ တုန်လှုပ်လာတော့သည်။

'သက်ငယ်က ဘာလို့ ဂျေးမီဖုန်းနံပါတ်ကို လိုချင်နေတာလဲ။ဂျေးမီကို သဘောကျလို့များလား။ဂျေးမီက ရုပ်အဆိုးကြီးမဟုတ်တော့ သက်ငယ်လည်း သဘောကျသွားနိုင်တာပဲလေ။သမီးငယ်ကြောင့်သာ မိန်းခလေးလိုမျိုး ဝတ်စားထားရတာ။ သက်ငယ်လည်း ယောကျာ်းတစ်ယောက်ပေမို့ ဂျေးမီကို သဘောကျတယ်ဆိုတာကလည်း သဘာဝကျသည်ပဲလေ။ '

"အင်းပါ ကိုယ် သူ့ကိုတွေ့ရင် တောင်းလိုက်ပါမယ်"

သူ့အတွေးတွေကို မသိစေချင်တာကြောင့် ခေါင်းငုံ့ကာ ထမင်းစားနေရင်းဖြင့် ဖြေပေးလိုက်သည်။
သို့သော် ဖြေသာ ဖြေရတာ စိတ်ထဲမှာ ဘယ်လောက်တောင် ပူလောင်နေလဲဆိုတာ သူကိုယ်တိုင်သာ သိသည်။

"ကျေးဇူးပါဗျာ "

ရှင်မင်းသက်မှာတော့ သိလိုသည်ကို မေးရန်အတွက်သာ စဉ်းစားနေတာကြောင့် ကောင်းကင်၏ မျက်နှာပေါ်မှ စိုးရိမ်မှုတွေကို မမြင်ခဲ့ပေ။

စားသောက်ပြီးသောအခါ သမီးငယ်က ဧည့်ခန်းဘက် ထွက်သွားတာကြောင့် စားပွဲသုတ်နေရင်းမှ ပန်းကန်တွေဆေးနေသည့် သက်ငယ်၏ ကျောပြင်ကိုကြည့်ကာ သိလိုသည်ကိုမေးရန် ဆုံးဖြတ်လိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedTempat cerita menjadi hidup. Temukan sekarang