Marriage Life.3(Unicode)

13K 609 38
                                    

Unicode

Marriage Life.3

ယနေ့မှာတော့ ရှင်မင်းသက်တို့နှစ်ယောက် အစောကြီး အိပ်ယာမှထကာ ရေမိုးချိုးပြင်ဆင်ပြီ မနက်စာစားပြီနောက် ဟိုတယ်က ကားနှင့်ပင် ကျိုက္ခမီရေလယ်ဘုရားသို့ မနက်ရှစ်နာရီမထိုးခင်မှာပင် ရောက်ရှိသွားတော့သည်။

ကားမောင်ပို့သူမှာ guideမဟုတ်ဘဲ အကြိုအပို့လုပ်ပေးရန်သာဖြစ်တာကြောင့် ရှင်မင်းသက်တို့နှစ်ယောက်မှာ မျက်စိကလယ်ကလယ်နှင့် ဘုရားဝင်းထဲ ဝင်သွားတော့သည်။

ကျိုက္ခမီရေလယ်ဘုရားမှာ ကမ်းခြေအနီး၊ ပင်လယ်အတွင်းမှာရှိသည့်အလျောက် ဘုရားဝင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ပင်လယ်လေညင်းအနံ့သင်းသင်းတို့က နှာခေါင်းဝသို့ လာရောက်ကျီစယ်လေတော့သည်။ပွဲတော်ရက်မဟုတ်တာကြောင့် ဘုရားဝင်းထဲမှာ ဈေးသည်အချို့နှင့် ဘုရားဖူးအနည်းငယ်သာရှိသည်။

ရှင်မင်းသက်တို့ ကျိုက္ခမီဘုရားကို အစောကြီးရောက်လာရသည်မှာ အကြောင်းရှိသည်။ပင်လယ်ရေအတက်အကျကြောင့် နေ့လယ်မွန်းတည့်ချိန်ကျော်သွားလျှင် လျှောက်လမ်းတွေမှာ ပင်လယ်ရေတက်လာတာကြောင့် ရေအပြည့်နှင့် ကျိုက္ခမီရေလယ်ဘုရားရုပ်ပွားတော်ကို သွားရောက်ဖူးမြော်လို့မရတော့ပေ။

ဘုရားပရဝုဏ်အတွင်းမှာကာ ဓာတ်ပုံထဲမှာမြင်တွေ့ရသည်ထက် ပို၍ပင် အလွန်သပ္ပါယ်နေသည်။

ဘုရားရှိခိုးလို့အပြီးမှာတော့ နှစ်ယောက်သားမှာ ဘုရားဝင်းထဲ သေချာပတ်ကြည့်ကာ ပင်လယ်နံ့သင်းတဲ့ လေပြည်လေညင်းကို အဝရှုရှိုက်နေလေသည်။ဒီဘုရားအတွင်းမှာ ရှုရှိုက်ရတဲ့လေထုက ရှင်မင်းသက်တို့နေတဲ့ မြို့ပြက လေထုနှင့်မတူဘဲ သန့်ရှင်းလတ်ဆတ်လွန်းလှသည်။

"သက်ငယ် ပျော်ရဲ့လား....."

နက်ပြာရောင်ပုဆိုးအကွက်နှင့် အဖြူရောင်ရှပ်လက်ရှည်ကိုဝတ်ဆင်ကာ ရွှေအိုရောင်ဆံနွယ်တို့ကိုအမြင့်သို့စုပြီး မြှင့်စည်းထားတဲ့ ချောမောလှပလွန်းတဲ့ သက်ငယ်ကို ကောင်းကင်ပြုံးကာ ငေးကြည့်နေရင်းမှ မေးလိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now