Ep.21

22.8K 1.7K 87
                                    

Unicode

Ep.21

ကောင်းကင်မှာ ရှင်မင်းနှင့် ညှိနှိုင်းပြီးသည်နှင့် ကုမ္ပဏီကို ပြေးရသည်။မပြေးလို့လည်းမရတော့။မနေ့ကလည်း အတော်လေးနောက်ကျပြီးမှ ကုမ္ပဏီကိုရောက်သွားသလို ညနေလည်း အစောကြီးပြန်ခဲ့သည်။ဒီနေ့လည်းပဲ ထိုနည်းတူ ၁၁နာရီ ကျော်မှသာ ကုမ္ပဏီကို ရောက်လာကာ အစောကြီးပြန်ဖို့ပင် တေးထားသေးသည်လေ။

ကုမ္ပဏီရောက်တော့ ဝန်ထမ်းတွေက ပြေးလွှားနေတဲ့သူ့ကို ကြည့်နေကြတာသိပေမဲ့ ကောင်းကင်မှာ ဂရုမစိုက်အား။သူ့ရုံးခန်းရှေ့ရောက်မှ အခန်းရှေ့မှာ စာရင်းတွေလုပ်နေတဲ့ သူ့အတွင်းရေးမှုး ကိုဒီပါကို...

"ကိုဒီပါ လက်မှတ်ထိုးစရာရှိတာတွေကို ကျွန်တော့်ဆီ အမြန်ယူလာပေးပါ ကျွန်တော် အလျင်လိုနေလို့"

"ဟုတ်ကဲ့ပါ Boss "

ဒီပါလည်း အလျင်လိုနေသည့် သူ့Bossကို နည်းနည်းတော့ အံ့သြသွားပေမဲ့ ချက်ချင်းပြန်ဖြေလိုက်သည်။သို့သော် စိတ်ထဲမတွေးဘဲ မနေနိုင်ပေ။အလုပ်မှ အလုပ်သာ စိတ်ဝင်စားတဲ့ သူ့bossက အရမ်းထူးဆန်းနေသည်လေ။မနေ့ကလည်း နောက်ကျမှလာပြီး အစောကြီးပြန်သွားခဲ့သည်။ဟော
ဒီနေ့လည်း အလျင်လိုနေပြန်ပြီး။ထားပါလေ ဒါကသူ့အလုပ်မဟုတ်ဘူးမို့လား။သူ့အလုပ်က လက်မှတ်ထိုးဖို့လိုတဲ့ စာရွက်စာတမ်းတွေကို bossဆီယူသွားဖို့သာဖြစ်သည်။

ကောင်းကင်မှာ ရုံခန်းထဲရောက်သည်နှင့် အလုပ်တွေကို မြန်မြန်လက်စသတ်နေရသည်။အလုပ်ထဲ ဈာန်ဝင်နေရင်းမှ...

ဒေါက်..ဒေါက်..

"ဝင်လာခဲ့ "

"Boss ဒါက လက်မှတ်ထိုးဖို့လိုတဲ့ စာရွက်စာတမ်းတွေပါ။အသုံးမဝင်ဘဲ ပယ်ထားတဲ့ စာချူပ်တွေလည်း ဘာကြောင့် ပယ်ထားလဲဆိုတာ Bossစစ်လို့ရအောင်ယူလာပါတယ်။"

"ထားလိုက်တော့ နောက်နေ့မှ ပယ်ထားတဲ့ဟာတွေကို
စစ်မယ်။အခုက မဖြစ်မ​နေ
လက်မှတ်ထိုးဖို့ လိုတဲ့ဟာတွေပဲ ပေးတော့။
အာ..ပြီးရင်ဇေယျာကိုလဲ ဒီကိုလာခိုင်းလိုက်ပါ။
ချက်ချင်းလာခဲ့လို့ပါပြောလိုက်.. နောက်ကျရင် ဒီလမှာ သူ့အတွက်က everyday is overtime ပဲလို့"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now