Ep.29-2

17.9K 1.3K 29
                                    

Unicode

Ep.29-2

"အာ သွားတော့။ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်မယ်။ခင်ဗျားက ငြိမ်ငြိမ်လေးသာ ထိုင်နေတော့"

"သက်ငယ်ကလည်း ကိုယ် တကယ်ကို ဝိုင်းကူပေးချင်တာပါ "

"ရတယ် ရတယ်။ကူညီပေးချင်တဲ့စိတ်ကိုပဲ လက်ခံပါ့မယ်။ကိုကောင်းကသာ ကျွန်တော့်ကို တကယ်ကူညီပေးချင်ရင် ငြိမ်ငြိမ်လေးပဲ ထိုင်နေပေးရင်ရပြီ။ကျွန်တော် တကယ်ကို အကူညီတောင်းပါတယ်ဗျာ "

"အင်းပါ ကိုယ်ဒီအတိုင်းပဲ ထိုင်နေပါ့မယ်"

ရှင်မင်းသက်က မနက်ဖြန်ရောင်းဖို့အတွက်
cake တွေလုပ်နေတာဖြစ်ပြီး ကောင်းကင်က ကူညီပေးမယ်ဆိုသည့်စကားဖြင့် ဝင်ရှုပ်နေတာဖြစ်သည် ။
ထို့ကြောင့် ဒေါသတွေ ထွက်နေပေမဲ့ မျက်နှာငယ်နှင့် ကိုကောင်းကို သနားတာကြောင့် စကားကို
ချိုချိုသာသာပြောနေရသည်။

မုန့်လုပ်တဲ့အချိန်မှာတင် ဝင်ရှုပ်တာမဟုတ်။ကောင်တာမှာ စားရင်းထိုင်စစ်တော့လည်း နောက်ကနေ လိုက်လာကာ မထိုင်ဘဲနှင့် ဘေးမှာသာ ​ယောင်လည်လည်နှင့်သာ မတ်တပ်ရပ်နေသည်။အနည်းငယ်သာရှိတဲ့ ကာစတန်မာတွေကလည်း ကွက်ကြည့်ကွက်ကြည့်နှင့်ပင်။

"သက်ငယ် ဧည့်သည်တွေလည်းမရှိတော့ ကိုယ်တို့ သမီးငယ်နဲ့ ဖုန်းပြောကြမလား"

"အင်း..ခေါ်လိုက်လေ။ ရေရော ချိုးပြီးပြီလား မသိဘူး"

ရှင်မင်းသက်သည် ခ​​လေးငယ်ကို တကယ်ပင် လွမ်းနေပြီဖြစ်သည်။ဒီလိုအချိန်တွေမှာဆို ရုပ်ရှင်ထဲကအတိုင်း သူ့ဆီကနေ ခ​လေးငယ်ကို လုယူမသွားသည့် ကိုကောင်းတို့သားအမိကို ကျေးဇူးအထပ်အထပ် တင်မိပါသည်။ခ​လေးငယ်ကိုမတွေ့ရတာ တစ်ရက်ပင် မပြည့်သေးပေမဲ့ ရှင်မင်းသက်က ဒီလောက်လေးနှင့်တင်  အရမ်းလွမ်းနေရလေပြီ။

ခဏအကြာမှာတော့ ကြားချင်နေသည့် အသံလေးကို ကြားလိုက်ရပါပြီ။

"ဟဲလို ဒယ်ဒီ ပါးပါးရော "

"ဒယ်ဒီ့ကို အရင်တွေ့တာတောင် ပါးပါးကို အရင်ရှာနေတယ်ပေါ့ ဟမ်.. သမီးငယ်က ဒယ်ဒီ့ကို မလွမ်းဘူးနဲ့တူတယ် "

သူမှလွဲ၍" Except Him " (BL-OC) CompletedOpowieści tętniące życiem. Odkryj je teraz