Ep.38

19.5K 1.3K 61
                                    

Unicode

Ep.38

ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေလည်း ပြောင်းလာခဲ့ပြီး။နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပင် ရောက်ရှိလာခဲ့ပြီး။ထို့အတူ သမီးငယ်သည်လည်း ရှစ်နှစ်ပြည့်လို့ ဒီနှစ်ကျောင်းဖွင့်လျှင် နှစ်တန်းကို တက်ရတော့မည်။သို့သော် မျှော်နေရသူက ပေါ်မလာသေးပေ။
ပေါ်မလာသေးသည့်အပြင် အဆက်အသွယ်တွေအားလုံးကိုပါ ဖြတ်တောက်လိုက်ပါသည့် အသည်းမာလွန်းသူကြီးပေ။'အမေရိကကိုရောက်ပြီး' ဆိုသည့် စကားလေးတစ်ခွန်းဖြင့် အကြောင်းကြားရုံမှလွဲ၍ တစ်ခါမျှ ဆက်သွယ်မလာသည့် သက်ငယ်အဆိုးလေးပင်။

ကောင်းကင်မှာတော့ ကိုယ်တိုင်က အလွမ်းနာကျနေသော်လည်း မျက်နှာငယ်လေးဖြင့် 'ပါးပါးကိုလွမ်းလို့ ဖုန်းဆက်ပေးပါ'ဟု ခဏခဏပြောလာသည့် သမီးငယ်ကို နှစ်သိမ့်ပေးနေရသည့်အပြင် အနုနည်းဖြင့် လိမ်ရသည်မှာလည်း အကြိမ်ကြိမ်ပင်။

ဦးနှောက်က ယခုလိုလုပ်ရက်ခဲ့သည့် သက်ငယ်ကို စိတ်တိုဖို့ စိတ်နာဖို့ ပြောနေပါသော်လည်း အသည်းနှလုံးကတော့ ပိုင်ရှင်ဖြစ်သူ ချစ်ရသူကို ထိုသို့မလုပ်ရက်နိုင်ပေ။ 'လွမ်းလွန်းလို့ ရူးရပါတော့မည်' ဆိုသည့် စကားသည် ပါးစပ်ရာဇဝင်မဟုတ်မှန်း လက်တွေ့ခံရတော့မှသာ လက်ခံနိုင်တော့သည်။

တစ်ဖက်တွင် သက်ငယ်ကို စိတ်ပူပြီး ဒေါသထွက်နေမိသလို တစ်ဖက်မှာတော့ လွမ်းလည်း လွမ်းမိပြန်သည်။လွမ်းလွန်းလို့ ညအိပ်ချိန်တိုင်းမှာ အိပ်ဆေးကသာ ကောင်းကင်၏အဖော် ဖြစ်လာတော့သည်။

'သက်ငယ်ရေ ဒါတွေကို မင်းမှ သိပါလေရဲ့'

မေကတော့ ပြောရှာပါတယ်။ 'သားငယ် မဆက်သွယ်ရတဲ့ အကြောင်းအရင်းရှိမှာပါ'တဲ့။
ကိုယ်လည်း သိချင်မိသား မေပြောတဲ့ အကြောင်းအရင်းက ဘာဆိုတာကိုပေါ့။

''သက်ငယ်ရေ မင်းသိရဲ့လား။မင်းမှာ အပြစ်တွေ များနေပြီးဆိုတာ။မင်းပြန်လာတဲ့အခါ အကြောင်းပြချက်ကောင်းကောင်းပေးဖို့သာ ပြင်ဆင်လာခဲ့ပါ။ဒီတစ်ခါ မင်းကိုအပြစ်ကြီးကြီးပေးဖို့ ကိုယ် စီစဉ်ထားပြီးသား ''

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now