Marriage Life. 2

20K 993 41
                                    

Unicode

Marriage Life.2

AN. မဖတ်နဲ့ပြောရင် ဖတ်မှာဘဲဆိုတာသိတာမို့ မပြောတော့ဘူး။နည်းနည်းတော့ ကြမ်းတယ်။

..................

လမ်းမပေါ်တွင် ဆူညံသံများနှင့် ပြည့်နှက်နေသော်ငြား ဟိုတယ်အခန်းတစ်ခုထဲရှိ ဖြူလွလွအိပ်ယာပေါ်မှ လူသားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မလွတ်တမ်း ဖက်တွယ်ထားကြသည်မှာ သူတို့နှစ်ယောက်ကြားကို လေပင်တိုးမဖောက်နိုင်ပေ။

နက်မှောင်တဲ့ ဆံနွယ်အရောင်ရှိတဲ့ အမျိုးသားက အမျိုးသားလား၊အမျိုးသမီးလား ဆိုသည်ကိုပင် မခွဲခြားနိုင်လောက်တဲ့ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် လူသားကို ဖက်တွယ်ထားသည်။

ထိုလူသားနှစ်ယောက်ထဲကမှ အနက်ရောင် ဆံနွယ်ပိုင်ရှင်အမျိုးသားက အိပ်မက်လှပခဲ့ပုံရသည်။
နှုတ်ခမ်းအစုံတို့က တွန့်ကွေးနေသည်မှာ လွန်စွာကြည့်ကောင်းလှပေသည်။

မနက်၁၀နာရီပင် ကျော်နေပြီး ဖြစ်တာကြောင့် ခန်းဆီး၊ကလန့်ကာတို့ကပင် မတားဆီးနိုင်လောက်အောင် နေရောင်ခြည်တို့က အခန်းအတွင်းကို ထိုးဖောက်ဝင်ရောက် လာတာကြောင့် အပြုံးတစ်စနှင့် လူငယ်ရဲ့မျက်နှာထံမှ ကြည့်ကောင်းလွန်းလှတဲ့ အပြုံးတွေက ပျောက်ကွယ်သွားကာ နက်မှောင်သန်စွမ်းတဲ့ မျက်ခုံးနက်နက်တို့ကလည်း အလိုမကျစွာ စုကြုံ့လာပြီး မျက်တောင်တို့ တဖျက်ဖျက်ခတ်ကာ  မျက်ဝန်းအစုံတို့ ပွင့်ဟလာတော့သည်။

နေရောင်ခြည်စူးစူးတို့ကြောင့် ကောင်းကင်ဟာ နိုးထလာရပြီး မျက်လုံးဖွင့်ဖွင့်ချင်း ကျိန်းစပ်သွားရတာကြောင့် ပြန်ပိတ်ကာ နောက်တဖန်ပြန်ဖွင့်လိုက်သည်။ထို့နောက် ဘာမှမတွေးမိသေးခင်မှာဘဲ သူ့ရင်ခွင်ထဲမှာရှိတဲ့ ခပ်နွေးနွေး ခန္ဓာကိုယ်ငယ်လေးကို သတိထားမိလိုက်တာကြောင့် ငုံ့ကြည့်လိုက်တော့ နှုတ်ခမ်းမှ အပြုံးတို့က တဖန်ပြန်လည် ဖြစ်တည်လာတော့သည်။

သက်ငယ်ရယ်လေ သူ့ကိုဖက်တွယ်ထားသည်မှာ သူ့ရင်ဘတ်ထဲကိုပင် ဝင်တော့လုမတတ်။ထို့အပြင် ယောင်ယမ်းနေတဲ့ မျက်ခွန်မို့မို့တို့နှင့်အတူ ပေါက်ပြဲနေတဲ့ နှုတ်ခမ်းသားနုနုလေးတွေကိုပါ မြင်တွေ့လိုက်ရသည်။ဆက်ကာကြည့်လိုက်တော့ အနီရောင်အကွက်များအပြည့်နှင့် ဆေးဆိုးထားတဲ့ လည်တိုင်နုနုကို တွေ့မြင်ရပြီး ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတော့ ခြုံစောင်ထူထူတို့က ကွယ်အုပ်ထားလေတာကြောင့် ဆက်ပြီး မမြင်ရတော့။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now