Ep.24

17.7K 1.5K 46
                                    

Unicode

Ep.24

ယခုရက်ပိုင်းအတွင်း ကိုကောင်းကို ကြည့်ရသည်မှာ အလွန် ထူးဆန်းနေလေသည်။အမြဲတမ်း တစ်ခုခုကို စဉ်းစားပြီး အတွေးလွန်နေတတ်သလို အမြဲတမ်းလည်း စိတ်လွတ်နေတတ်သည်။

ဥပမာအနေနှင့်ဆို တိုက်ပြီးသားကြမ်းကိုလည်း
ပြန်တိုက်နေသလို ဆေးပြီးသား ပန်းကန်ကိုလည်း ပြန်ဆေးကာ ရေမရှိတဲ့ ခွက်အလွတ်ကိုလည်း ရေရှိနေသည့်အလား မော့သောက်နေပြန်ပါသည်။ထို့အပြင် ထမင်းစားချိန်တွေမှာလည်း ဟင်းတွေကို ထည့်မစားဘဲ ထမင်းအဖြူကိုသာ စားနေတတ်သည်။

ယခုလိုဖြစ်နေသည်မှာ ၆ရက်လောက်ပင် ရှိနေပြီဖြစ်သည်။"ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"လို့
မေးလိုက်တိုင်း "ကိုယ်အဆင်ပြေပါတယ်"ဟုသာ ပြောကာ ခပ်ဖျော့ဖျော့လေးသာ ပြုံးပြလာတတ်သည်။ထိုအပြုံးက အသက်မပါဘူးဆိုတာကိုတော့ ကာယကံရှင်က သိပုံမရပေ။

အခုလည်း ည၇နာရီပင် ထိုးတော့မည်။အခုထိ ပြန်မလာသေး။'ကြည့်နေ လုံးဝ တံခါးမဖွင့်ပေးဘူး ငါကွ ရှင်မင်းသက်'

"ခ​လေးငယ်လာ ပါးပါးတို့ ထမင်း အရင်စားကြမယ်
ဒယ်ဒီ့ကို မစောင့်နဲ့တော့ "

ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေသည့် ခ​လေးငယ်ကို
ခေါ်လိုက်သော်လည်း

"မီးဗိုက်မဆာသေးပါဘူး ပါးပါး။မီးတို့ ခဏလေးထပ်စောင့်ကြမယ်လေ နော်"

ဒီငလည်လေးက ဗိုက်ဆာနေရဲ့သားနဲ့
အဖေကို သိတတ်နေတယ်။သူ့ကို ဒီလိုလာလုပ်လို့ မရပါ။

"ခလေးငယ်ကလည်း ပါးပါး ဆာတယ်လေ၊
ပါးပါးနဲ့ အတူတူ စားရအောင်ပါ နော်။ဒယ်ဒီ ထမင်းစားတဲ့အချိန်ကျရင် ပါးပါးတို့ ထိုင်စောင့်ပေးမယ်လေ မကောင်းဘူးလား"

ခ​လေးငယ်ကို ချော့လိုက်ရသည်။ဒါတောင်
မမ​လေးက စဉ်းစားနေသေးသည်။

"ဟုတ်ကဲ့ ပါးပါး ..ဒယ်ဒီပြန်လာမှပဲ ထမင်းစားတာကို ထိုင်စောင့်ပေးတော့မယ်"

"အိုခေ...စားရအောင်"

နေ့စဉ် စားနေကျ ထမင်းဟင်းတွေကို ချက်ပြုတ်ရသည့်လူမှာ သူပဲဆိုပေမဲ့ ဒီနေ့ကျမှ စားရသည်မှာ အရသာမရှိသလို၊ တခုခု လိုနေသလိုပင်။သို့သော် လိုနေသည့် တခုခုက ဘာလဲဆိုတာကိုတော့
သူလည်း မပြောတတ်ပေ။

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora