Ep.26

18.1K 1.5K 56
                                    

Unicode

Ep.26

ယနေ့မှာ ရှင်မင်းသက်တစ်ယောက်​ အကျပ်ရိုက်နေတော့သည်။အကြောင်းမှာ ကိုကောင်းဟာ ထမင်းချိုင့် ယူမသွားဘဲ ထမင်းချိုင့်လာပို့ပေးပါလို့ မနေ့ညနေ အလုပ်က ပြန်လာကတည်းက ခလေးတစ်ယောက်လို လာပူဆာလေသည်။သူလည်း ဘာလို့ သဘောတူပေးလိုက်မှန်း ကိုယ့်ကိုယ်ကို နားမလည်တော့။

အခုတော့ တကယ့်ကို ဒုက္ခရောက်နေလေပြီ။
သွားပို့ရင် ကောင်းမလား၊မကောင်းလား စဉ်းစားနေတုန်း ဖုန်းဝင်လာပြန်သည်။ကြည့်လိုက်တော့ ကိုကောင်း ဖြစ်နေသညါ'။ဘာပြောမလို့ပါလိမ့်..'

"ဟယ်လို"

"သက်ငယ် လာနေပြီလား ကိုယ်ဗိုက်ဆာနေပြီ။"

"အဲ့တာကြောင့် မနက်တုန်းက ထမင်းချိုင့်ယူသွားလို့ ပြောတယ်လေ။ကိုယ့်ဟာကိုယ် ယူမသွားဘဲနဲ့ ကျွန်တော် မလာချင်ဘူး"

"သက်ငယ်ကလည်း လာခဲ့ပါကွာ နော်
သမီးငယ်ကိုလည်း ခေါ်ခဲ့လေ။ကိုယ့် အလုပ်တွေပြီးသွားရင် အပြင်သွားလည်ကြမယ်လေ နော် "

" ........ "

ရှင်မင်းသက် ဘာမှ ပြန်မပြောမိ။မသွားချင်တာထက် သူသွားလိုက်ရင် သူနှင့် ကိုကောင်းကို အတူတွေ့လိုက်လို့ ဆိုပြီး လူတွေက ကိုကောင်းကို မကောင်းပြောကြမှာကို မလိုလားပါ။ထို့အပြင် ဟိုဂျေးမီဆိုသည့် အစ်မကြီးကလည်း ကုမ္ပဏီမှာ အလုပ် ဝင်လုပ်နေကြောင်း ကိုကောင်းပြောပြထားလို့ သိပြီးပြီဖြစ်သည်။ကိုကောင်းအမေကလည်း ထိုအစ်မကြီးက ကိုကောင်း၏ ဇနီးလောင်းဖြစ်ကြောင်း ကုမ္ပဏီက လူတွေကို မိတ်ဆက်ထားမှာပင်။အခုချိန်မှ သူက ခလေးငယ်ရဲ့လက်ကိုတွဲပြီး ထမင်းချိုင့်သွားပို့လိုက်ရင် ကိုကောင်းကို အရှက်သွားခွဲသလို
ဖြစ်မနေဘူးလား။

"သက်ငယ်.."

" ....... "

ရှင်မင်းသက် မဖြေမိ

"မသိဘူးကွာ.. သက်ငယ်မလာရင် ကိုယ် လုံးဝ ထမင်း မစားတော့ဘူး။မလာမချင်း ကိုယ်စောင့်နေမှာ..ဒါပဲ"

သူ့ဟာသူ ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်သည်။

'သောက်ကျိုးနည်း ကိုကောင်းက အခု သူ့ကို စိတ်ဆိုးနေတဲ့ အသံနဲ့ လာပြောနေတာလား။ နှုတ်ခမ်းပါဆူထားမလားပဲ။အား တော်ပြီတော်ပြီ ဆက်မတွေးနဲ့တော့...'

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now