Ep.25

18.9K 1.5K 58
                                    

Unicode

Ep.25

လက်ဆွဲအိတ်ကိုယ်စီနှင့် လေယာဉ်ကွင်းမှာရှိသည့် မနည်းလှသည့်လူတွေက တစ်ယောက်ကိုတစ်ယောက် လက်ချင်းတွဲထားကြသည့် မိသားစုလေးသုံးယောက်ကို ခိုးပြီးတော့တစ်မျိုး ပေါ်တင်အနေနှင့်တစ်မျိုး သမင်လည်ပြန် ငေးကြည့်နေကြသည်။

လက်ချင်းချိတ်ထားသည့် မိသားစုတစ်စုကို တွေ့ဖို့ရန် မခက်ခဲပေမဲ့ ယခုလို မနာချင်စရာကောင်းလောက်​အောင် ချောမောလှပလွန်းသည့် မိသားစုကို တွေ့ဖို့ရန် ခက်ခဲလှသည်။

အဖေဖြစ်သူက အဖြူအနက် စပ်ထားသည့် ရှပ်လက်ရှည်ကို ဝတ်ဆင်ကာ တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး စတိုင်ပင်အနက်နှင့် တွဲဝတ်ထားလေသည်။ထိုဝတ်စုံမှာ ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ ရှည်လျားပြီး ကြည့်ကောင်းလွန်းသည့် ခြေတံရှည်နှင့်အတူ ချောမောခန့်ညားလွန်းသည့် ရုပ်ရည်နှင့် မြင့်မားလွန်းလှသည့် အရပ်တို့ကြောင့် မင်းသားတစ်ပါးအလား ထင်မှတ်ရသည်။

ထို့အတူ အမေဖြစ်သူသည်လည်း ဒူးဖူးရုံ ဂါဝန်အပွကို ဝတ်ဆင်ထားလေသည်။ထိုဂါဝန်မှာလည်း ရိုးရိုးရှင်းရှင်း အပြာရောင်နှင့် အဖြူအစင်းကျားသာ ဖြစ်သော်လည်း ထိုသူမှာ ဖြောင့်စင်းကာ ကျောလယ်လောက်ရှိသည့် ရွှေအိုရောင်ဆံနွယ်လေးများကို အတိုင်းသား ဖြန့်ချထားသည့်အပြင် အဖြူရောင်
ဦးထုပ်အဝိုင်းလေးကိုလည်း ဆောင်းထားသေးသည်။ထို့အပြင် အမွှေးအမျှင်ကင်းတဲ့ ဖြူသွယ်သွယ် ခြေသလုံးလေးကိုလည်း မြင်နေရသေးသည်။
နှမျောစရာကောင်းသည်က ဦးထုပ် ဆောင်းထားသည်ကြောင့် အလွန်လှပပုံရမည့် မျက်နှာလေး ကိုအပြည့်အဝ မမြင်ရခြင်းပင်။

ဒါတွေက လူတိုင်းလိုလို ငေးကြည့်နေကြရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။

ထို ချောမောခန့်ညားလွန်းလှသည့် အမျိုးသားနှင့်
လှပပုံရသည့် အမျိုးသမီးတို့၏ လက်ကို တွဲထားသည့် ငါးနှစ်ကျော် ခြောက်နှစ်နီးပါးအရွယ် ခ​လေးမ​လေးကိုသာ ပို၍ ငေးကြည့်နေကြသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now