Marriage Life. 5

11.6K 842 27
                                    

Unicode

Marriage Life.5

လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်
ခံလိုက်ရတာကြောင့် မျက်မှောင်ကြုတ်ကာ ကောင်းကင် နိုးထလာရသည်။
အသိစိတ်ဝင်လာသော်လည်း တရိပ်ရိပ်မူးနေသေးတဲ့ခေါင်းကြောင့် မျက်လုံးကိုမဖွင့်သေးဘဲ ဆက်မှိတ်ထားမြဲပင်။

သို့သော် ရံဖန်ရံခါမှာ ရှိုက်ငိုသံသဲ့သဲ့ကို ကြားလိုက်ရတာကြောင့် မူးနေတဲ့ခေါင်းကို လျစ်လျူရှုကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းလေးကြောင့် မူးဝေနေခြင်းပင် ပျောက်ကင်းသွားရသည်။

"ကိုယ့်အသက်က ဘာလို့ငိုနေတာလဲ။
ဘယ်သူက ဘာပြောလို့လဲ..."

မျက်နှာတစ်ခုလုံးနီရဲကာ မျက်လုံးတွေဖောင်းယောင်တဲ့အထိ ငိုရှိုက်နေတဲ့သူ့အသက်လေးကြောင့် ကောင်းကင်မှာ နှလုံးတွေပင် နာကြင်လာရတော့သည်။

ရှင်မင်းသက်ဟာ သူဆုပ်ကိုင်ထားတဲ့ လက်ဖဝါးနှစ်ဖက်ကိုကြည့်ရင်း ရှိုက်ငိုနေရာမှ ကိုကောင်းအသံကိုကြားလိုက်ရတာကြောင့် မော့ကြည့်လိုက်တော့ စိုးရိမ်တကြီးနှင့် သူ့ကိုကြည့်နေတဲ့ကိုကောင်းကိုတွေ့လိုက်ရသည်။

"ကိုကောင်း ခင်ဗျားနိုးလာပြီးလား။ခင်ဗျားအိပ်နေတာ အကြာကြီးပဲ ကျွန်တော် ဘယ်လောက်တောင်စိတ်ပူနေရလဲဆိုတာ သိရဲ့လား...."

လှဲအိပ်နေရာမှ ထထိုင်လိုက်ကာ သူ့လက်ဖဝါးကို တင်းကြပ်စွာဆုပ်ကိုင်ထားတဲ့ လက်ဖဝါးငယ်ကို ဆွဲကိုင်လိုက်ပြီး နှစ်သိမ့်ပေးသည့်အနေဖြင့် ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း

"ကိုယ်တောင်းပန်ပါတယ် သက်ငယ်စိတ်ပူနေတာကို မသိဘဲ ကိုယ် အကြာကြီး အိပ်လိုက်မိတယ်။
ကိုယ်မှားတာမို့လို့ ကိုယ့်အသက်က မငိုနဲ့တော့နော် မျက်လုံးတွေနာနေတော့မှာပဲ..."

ချော့တဲ့ခလေးက ပိုငိုတယ်ဆိုတဲ့အတိုင်း ရှင်မင်းသက်ဟာ ခလေးမဟုတ်ပေမဲ့ ကိုကောင်းဟာ အကြောင်းအရင်း ရေရေရာရာ မသိဘဲ  အလျော့ပေးပြီး ချော့လာတာကြောင့် အသံတိတ်ရှိုက်ငိုနေရာမှ အသံထွက် ငိုလေတော့သည်။

"ကျွန်တော့်စကားကို ဘာလို့နားမထောင်တာလဲ။အများကြီးစားခိုင်းတော့လည်း မစားဘူး။အိမ်မှာအနားယူခိုင်းတော့လည်း စကားနားမထောင်ဘဲ အလုပ်ကိုသွားလိုက်သေးတယ်။ခင်ဗျား မေ့လဲသွားတော့ ကျွန်တော်ဘယ်လောက်တောင် ထိတ်လန့်သွားလိုက်ရလဲဆိုတာ ခင်ဗျားသိရဲ့လား။ခင်ဗျားတစ်ခုခုဖြစ်သွားရင်ဆိုပြီး အရေးပေါ်အခန်းအရှေ့မှာ ကျွန်တော် ဘယ်လောက်တောင် ကြောက်နေရလဲ ခင်ဗျားသိရဲ့လား။ခင်ဗျားက လူဆိုးကြီးပဲ....."

သူမှလွဲ၍" Except Him " (BL-OC) CompletedOpowieści tętniące życiem. Odkryj je teraz