Ep.17

25K 2K 72
                                    

Unicode

Ep.17

"ဟို.. ဧည့်သည်တွေလဲ မရှိသေးတော့ ကိုယ်နဲ့
ခဏလောက် စကားပြောလို့ရမလား"

"ကျွန်တော် အဟမ်း ကျွန်မမှာ ပြောစရာမရှိပါဘူး"

"ရှင်းသက်ဘက်က ပြောစရာမရှိပေမဲ့ ကျွန်တော်က ရှိတာမို့ ကျွန်တော်ပြောတာကို ခဏလောက်
နားထောင်ပေးနိုင်မလား"

ရှင်မင်းသက်ဟာ ထိုလူကို မမုန်းပေမဲ့လည်း သူ့အကြောင်းတွေကိုသိပြီး ခလေးငယ်ကို သူ့ဆီကနေ လုယူသွားမှာကို ကြောက်နေမိတာကြောင့် ထိုလူနှင့် ဖြစ်နိုင်သမျှ စကားမပြောချင်သလို တစ်နေရာထဲမှာလည်း အတူမရှိချင်ပါ။သို့သော် အတင်းရှောင်နေလျှင် မကောင်းတတ်တာကြောင့်

"ကောင်းပါပြီ "ဟု ပြောလိုက်ကာ ပြောလာသမျှကို နားထောင်ပေးဖို့ လုပ်လိုက်သည်။

"ကိုယ်တို့ အရင်ဆုံးမိတ်ဆက်ရအောင်။
ကိုယ့်နာမည်က တိမ်ကောင်းကင်။ကိုယ်က
Sunshine ကုမ္ပဏီက CEOပါ။နောက်ပြီး ကိုယ်က ဒီရပ်ကွက်ထဲမှာပဲနေတာ။အခန်းနံပါတ်က....."

"ရပြီး ပြောချင်တာက ဘာလဲ။
ကျွန်တော့်မှာ အဟမ်း ကျွန်မမှာ အချိန်သိပ်မရှိဘူးရယ်"

ရွှေအိုရောင်စကားကြောင့် ကောင်းကင်နင်သွားရပေမဲ့ ခပ်တည်တည်ဖြင့်သာ ပြန်ပြောလိုက်သည်။

"ကိုယ် ဆယ်တန်းပြီးကတည်းက အမေရိကန်ကို ထွက်သွားတာကြောင့် ဟိုမှာပဲ ကျောင်းဆက်တက်ရင်း အလုပ်လုပ်ခဲ့တာလေ။ကိုယ်ကျောင်းမပြီးသေးပေမဲ့ အဲ့အချိန်မှာ ကုမ္ပဏီစတည်ထောင်နိုင်နေပြီး။
သိပ် အဆင်မပြေပေမဲ့ပေါ့။အဲ့ဒီနေ့မှာ"

အဲ့နေ့က...

ဒီနေ့မှာ လက်ရှိ လုပ်ကိုင်နေဆဲဖြစ်တဲ့ ပရောဂျက်အတွက် အလွန်အရေးပါသည့် ရှယ်ယာရှင်တစ်ယောက်၏ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲဖြစ်တာကြောင့် ကောင်းကင်မှာ မသွားချင်ပေမဲ့လည်း လူမှုရေးအရ သွားရပေအုံးမည်။

ထိုပွဲကိုရောက်သွားတော့ မွေးနေ့ရှင်နှင့် သူ့အဖေကို သွားရောက်နှုတ်ဆက်လိုက်ကာ လူလတ်ပိုင်းအချို့ ထိုင်နေကြတဲ့ စားပွဲမှာ ကောင်းကင်ကို
နေရာချပေးလေသည်။ထိုစားပွဲမှာတော့ သာမာန်လူတွေမပါဘဲ စီးပွားရေးလုပ်ငန်းရှင်တွေသာ ရှိလေသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now