Ep.33

16.7K 1.3K 43
                                    

Unicode

Ep.33

" ဟူး........ "

ညအတော်နက်နေပြီးဆိုသော်ငြား ရှင်မင်းသက်မှာ အိပ်မပျော်နိုင်သေးဘဲ သက်ပြင်းချနေဆဲပင်။ကျောပူလွန်း၍ ဟိုဘက်ဒီဘက်လှည့်ပြီး လှုပ်ရှားချင်သော်ငြား သူ့ကို တောက်တဲ့တစ်ကောင်လို ဖက်တွယ်ထားသည့် ခလေးငယ်ကြောင့် လှုပ်ရှားလို့မရ။ထို့ကြောင့် ညနေက ထိုအစ်မကြီးနှင့် ပြောခဲ့တာတွေကို တွေးနေမိသည်။

'အဲ့တာက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ။
ဒယ်ဒီက အစည်းဝေး ထိုင်နေတုန်း မေ့လဲသွားတာကြောင့် ဆေးရုံတင်လိုက်တော့ ဆရာဝန်က နှလုံးအစာထိုးမှ အဆင်ပြေမယ်လို့ ပြောခဲ့တယ်။အဲ့တာကြောင့် နှလုံးအစားထိုးဖို့ တူညီတဲ့နှလုံးကို ရှာရတာပေါ့။ငါဒီကိုမလာခင် နှစ်လလောက်မှာ တူညီတဲ့နှလုံးကို ရှာတွေ့ခဲ့တယ်။ဒါပေမဲ့ ဒယ်ဒီက ခွဲစိတ်ဖို့ကို လက်မခံဘူးတဲ့လေ။ဘာလို့လက်မခံတာလဲလို့ အကြိမ်ကြိမ်မေးတော့မှ ဒီဓာတ်ပုံကို ထုတ်ပြလာပြီး ဒီခလေးကိုရှာတွေ့ပြီး သူ့ရှေ့ကို ခေါ်လာနိုင်မှ ခွဲစိတ်တာကို လက်ခံမယ်တဲ့လေ။အဲ့ခလေးနဲ့ ငါ့ဒယ်ဒီနဲ့ ဘာတော်လဲဆိုတာတော့ ငါလည်းမသိဘူး။ငါမေးပေမဲ့ ဒယ်ဒီကမဖြေခဲ့ဘူး။အဲ့တာကြောင့် ဘာလို့ရှာတာလဲ ဘာလို့ အခုမှရှာတာလဲဆိုတာ ငါလည်းမသိဘူး။
ငါသိတာက ငါ သူ့ကို တွေ့အောင်ရှာပြီး ငါ့အဖေရှေ့ကိုခေါ်သွားမယ်။အကယ်လို့ သူ့ဘက်က မလိုက်ချင်ဘူးဆိုရင်တောင် ဒူးထောက်တောင်းပန်ဖို့ ငါဝန်မလေးဘူး။ကဲနင်ဘာသိချင်သေးလဲ'

ထိုအချိန်တုန်းက သူ့ဘက်က ဘာစကားကိုမှ ပြန်မပြောနိုင်ခဲ့ပေ။သူကိုယ်တိုင်က အဲ့ခလေးပါလို့လည်း မပြောဖြစ်ခဲ့ပေ။သူ့က်ို ရှာနေသည့်လူဟာ သူ့အဖေလားဆိုတာတောင် သေချာမသိသေးဘူးလေ။

သို့ပေမဲ့လည်း သူ့စိတ်ထဲမှာတော့ လိုက်သွားသင့်သည်ဟု ပြောနေသလို တစ်ဖက်မှာလည်း တကယ်လို့
သူ့အဖေသာဆိုရင် သွားပြီး ဘယ်အချိန်မှ
ပြန်လာဖြစ်မှာလဲ။သူ့ခလေးငယ်ကိုရော
ဘယ်လိုလုပ်ရမှာလဲ။ခေါ်သွားမယ်ဆို သူ့ခလေးငယ်၏ ပညာရေးလည်း ရှိသေးသည်။ထို့နောက်မှာ ကိုကောင်းကိုလည်း မထားခဲ့ချင်ဘူး ဖြစ်နေပြန်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now