Ep.10

26.7K 2K 8
                                    

Unicode

Ep.10

နှစ်ယောက်သား လမ်းလျောက်၍သာ ဆေးရုံကို သွားလိုက်ကြသည်။အစ်မဖြိုးမေ ပြောခဲ့သလို ဆေးရုံသည် ဟိုတယ်ကနေ သွားရင်သာ ဝေးသော်ငြားအစ်မဖြိုးမေတို့ Cafeနှင့် သိပ်မဝေးပေ။

ဆေးရုံရောက်သောအခါ အလှည့်ရောက်ဖို့ နာရီဝက်မျ စောင့်လိုက်ရသည်။

ထိုင်ခုံမှာ ထိုင်စောင့်နေတုန်းက အကောင်းပေမဲ့ သူ့နာမည်ကို ခေါ်လာသည့် အချိန်မှာတော့ ရှင်မင်းသက်ကိုယ်လေးမှာ ခပ်တောင့်တောင့် ဖြစ်သွားရသလို လက်ဖဝါးမှာလည်း အေးစက်ကာ ချွေးစေးများပါ ထွက်လာတော့သည်။

ထိုစဉ် အေးစက်နေသည့် သူ့လက်ဖဝါးပေါ် ခပ်နွေးနွေး အထိအတွေ့ကို ခံစားလိုက်ရသောကြောင့် ကြောက်ရွံ့နေရာမှ အသိဝင်လာတော့သည်။
ခေါင်းငုံ့ထားရာမှ မော့ကြည့်လိုက်တော့ အစ်မဖြိုးမေက နွေးထွေးစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ထိုအပြုံးက သူ့၏ ကြောက်စိတ်များ လွင့်ပြယ်သွားရလောက်အောင် နွေးထွေးလွန်းလှသည်။

"အရမ်းမတွေးနဲ့ မောင်လေး အားလုံး အဆင်ပြေသွားမှာ ဟုတ်ပြီးလား"

နွေးထွေးလွန်းသည့် အပြုံးနှင့် အားပေးစကားတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် အားတင်းကာ အစ်မဖြိုးမေကို ခေါင်းညိတ်ပြလိုက်ပြီး စမ်းသပ်ခန်းအထဲသို့ အစ်မဖြိုးမေနှင့်အတူ ဝင်သွားလိုက်တော့သည်။

စမ်းသပ်ခန်းထဲရောက်သည်နှင့် ဆရာဝန်မကြီးက ပြုံးပြလာသည်ကြောင့် ရှင်မင်းသက်လည်း ပြုံးပြလိုက်သည်။

"လာ လာ ထိုင် နာမည်က ရှင်မင်းသက်နော် အသက်က ဆယ့်ရှစ်နှစ်...."

မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်မသွားခင်မှာပင် ပြောလာသည့် ဆရာမ၏ စကားကြောင့် သူ့မှာ မျက်လုံးပြူးသွားရသည်။ထိုင်းနိုင်ငံမှာရှိတဲ့ ဆရာဝန်မကြီးက မြန်မာစကား ပြောတတ်တယ်လား။

အစ်မဖြိုးမေကာ သူ အံ့ဩနေသည်ကို သိသည့်အလား သူ့ကို ရှင်းပြလာတော့သည်။

"ဒီဆေးရုံမှာ မြန်မာနိုင်ငံက လာတဲ့ ဆရာဝန်တွေလည်း ရှိတယ်မောင်လေးရဲ့။အဲ့တာကြောင့် မောင်လေးအဆင်ပြေအောင် မနေ့က အစ်မ ဖုန်းကြိုဆက်ထားတာ"

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora