Ep.34

18.8K 1.3K 66
                                    

Unicode

Ep.34

"သက်ငယ်ဘာလုပ်နေတာလဲ "

"ထမင်းဘူးထည့်နေတာ မမြင်ဘူးလား"

"ထမင်းဘူးထည့်နေတာတော့ ကိုယ်လည်း သိတာပေါ့။ဒါပေမဲ့ ဘယ်သူ့အတွက်လဲ"

"စကားများလိုက်တာ။နေ့တိုင်း ထည့်နေကျပဲဟာကို ထူးထူးဆန်းဆန်း ဘယ်သူ့အတွက်လဲလို့ လာမေးနေတယ်။ခလေးငယ်နဲ့ ခင်ဗျားအတွက်ပေါ့ "

"ဒါပေမဲ့ ဒီနေ့က စနေနေ့လေ "

"ဟမ်...ဒီနေ့က စနေနေ့လား "

"အွန်းလေ "

"ကျွန်တော် သတိမထားမိလိုက်ဘူး။
အချိန်ကုန်တာမြန်လိုက်တာ"

"ဒီနေ့ ကိုယ်တို့ အပြင်ထွက်လည်ကြမလား။ သုံးယောက်လုံးလေ"

ထမင်းစား စားပွဲပေါ် မေးထောက်ကာ သက်ငယ်လုပ်သမျှကိုသာ လိုက်ကြည့်ရင်း မေးလိုက်သည်။

ထိုစကားကြောင့် ထမင်းဟင်းတွေကို ပြန်လှယ်နေရာမှ ကိုကောင်းကို ကြည့်လိုက်ကာ

"မဖြစ်ဘူးထင်တယ်။ခင်ဗျားက ကြိုမှမပြောတော့ ကျွန်တော် ဘာမှမပြင်ဆင်ထားဘူး။နောက်ပြီး ဒီနေ့မှာ ရောင်းဖို့အတွက် မုန့်တွေတောင် ပြင်ထားပြီးပြီ။နောက်နေ့မှ သွားကြရအောင်..."

သုံးယောက်အတူ ထွက်လည်ချင်ပေမဲ့ မုန့်တွေအားလုံးက လုပ်ပြီးသားဖြစ်တာကြောင့် သွားလို့မဖြစ်။မုန့်တွေအားလုံးကို ကိုယ်တိုင် လုပ်ထားရတာကြောင့် ပျက်စီးသွားမှာကို မလိုလား။ဈေးဝယ်တွေကိုလည်း အကျန်တွေ မဟုတ်ဘဲ၊အကောင်းတွေသာ ရောင်းလိုသည်မှာ သူ၏စေတနာပင်။

"မုန့်တွေအကုန်လုံးကို ကိုယ် ဝယ်လိုက်မယ်လေ။အတူတူသွားရအောင် နော်။အတူတူ လျောက်မလည်ရတာ ကြာနေပြီး။သမီးငယ်လည်း သွားချင်နေမှာ"

ရှင်မင်းသက်မှာ စိတ်ထဲ ထောင်းခနဲဖြစ်သွားရသည်။ဒီမုန့်တွေကို စေတနာနှင့် ကြိုးစားပန်းစား လုပ်ခဲ့ရသည်လေ။သွားလည်ဖို့ တစ်ခုထဲအတွက်နှင့် အသုံးမလိုသည့် လူဆီကို ရောင်းရမှာတဲ့လား။

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora