Ep.9

26.7K 2.1K 11
                                    

Unicode

Ep.9

ဘန်ကောက်မြို့၌သာ ကလေးမွေးရန် ရှင်မင်းသက် ဆုံးဖြတ်လိုက်သည်။သူ့ နိုင်ငံတွင်
သူ့ကို ကူညီပေးမည့် အသိမိတ်ဆွေလည်း
မရှိသလို ပတ်ဝန်းကျင်ကလည်း သူ့ကို နှိမ်ကြမည့် လူတွေချည်းသာ။ဘန်ကောက်မြို့တွင် သူ့ ဖြစ်တည်မှုကို နားလည်ပေးပြီး ကူညီပေးမည့် အစ်မဖြိုးမေ ရှိသေးသည်။သိတာ မကြာပေမဲ့ပေါ့။ထို့ထက် အဓိကအကျဆုံး အချက်မှာ ဘန်ကောက်မြို့ရှိ လူတွေက သူ့ကို မသိကြပေ။

မွေးဖွားပြီးလျှင်လည်း အရင်က အိမ်အဟောင်းတွင် ဆက်မနေချင်တော့တာကြောင့် အိမ်အဟောင်းကိုရောင်းပြီး လှည်းတန်းရှိ ခြံနှင့်တိုက်တွင်သာ နေရန် ဆုံးဖြတ်ထားသည်။ထိုတိုက်သည် လူမနေသည်မှာ ကြာနေပြီး ဖြစ်သောကြောင့် ပြန်လည်ပြုပြင်ပြီးမှသာ နေလို့ရမည် ဖြစ်သည်။

ထို ခြံနှင့်တိုက်ကို အမေရှိစဉ်ကတည်းက ဝယ်ခဲ့တာဖြစ်ပြီး သားအမိနှစ်ယောက်လုံး သွားမနေဖြစ်လိုက်ပေ။အမေ ရှိနေတုန်းက တစ်လ တစ်ကြိမ် သန့်ရှင်းရေး သွားလုပ်ဖြစ်ခဲ့ပေမဲ့ အမေ မရှိတော့ကတည်းက မသွားဖြစ်တော့သလို ထိုခြံနှင့်တိုက် ရှိနေမှန်းကိုပင် မေ့နေကာ ယခုမှသာ တွေးမိတော့သည်။ထို့အပြင် အလုပ်တစ်ခု လုပ်ဖို့ရန်လည်း တွေးထားသည်။အမေ ချန်ခဲ့သည့် အမွေများသည် သူတစ်ယောက်တည်းဆိုပါက တစ်သက်လုံး စားသောက်နေထိုင်ဖို့ အဆင်ပြေသော်ငြား မကြာခင်တွင် ရောက်ရှိလာတော့မည့် သူ့၏ ကလေးလေး၊မိသားစုဝင်လေးအတွက် အလုပ်တစ်ခုကိုတော့ လုပ်ရမည်ဖြစ်သည်။

သို့သော် အလုပ်တစ်ခု လုပ်ဖို့ဆိုသည်မှာ အပြောကသာ လွယ်ကူပြီး တကယ့်လက်တွေ့တွင် သူ့လို ကျောင်းလည်း မပြီး၊ ဘွဲ့လည်း မရသေးသည့် လူငယ်တစ်ယောက်ကို မည်သူကမှ လစာကောင်းကောင်းပေး၍ ငှါးမည်မဟုတ်မှန်း သူသိသည်။ထို့အပြင် သူများ လက်အောက်တွင်လည်း အနှိမ်ခံပြီး မလုပ်ချင်ပေ။

နောက်သုံးရက်တွင်ဖြစ်သည်။

တစ်ယောက်တည်း ဗိုက်သွားအပ်ရမည်ကို ရှက်တာကြောင့်ရော၊ ဘာသာစကား အခက်အခဲကြောင့်ရော အစ်မဖြိုးမေပေးခဲ့သည့် လိပ်စာကတ်ထဲရှိ ဖုန်းနံပါတ်ကိုသာ ဆက်သွယ်လိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now