Ep.35

24.4K 1.4K 79
                                    

Unicode

Ep.35

ရှင်မင်းသက်သည် ယနေ့တွင် တိတ်တိတ်လေး လုပ်ထားသည့် surpriseကြောင့် ရင်တွေခုန်ကာ ပုံမှန်နေ့တွေထက် စောနိုးနေသည်။နိုးလာသည်နှင့် ကိုကောင်းကိုပါ တစ်ခါတည်း နှိုးလိုက်သည်။

"ကိုကောင်း ထ​တော့ ကိုကောင်းရေ ထတော့လို့"

"ဟင်...အင်း..သက်ငယ် ဘာဖြစ်လို့လဲ "

"ထ​တော့ ကျွန်တော် မုန့်ကို လက်စမသတ်ရသေးလို့ အခုသွားလုပ်ရမှာ။ကိုကောင်းက ခလေးငယ်နိုးရင် ကျောင်းသွားဖို့ ပြင်ဆင်ပြီး ကျောင်းကိုပါ ပို့ခဲ့ပေးလို့ ရမလား.."

"အင်းအင်း..ကိုယ်လုပ်လိုက်မယ်။"

ထိုမျှပြောကာ ပြန်အိပ်ရန် ပြင်နေသည်ကြောင့် ကြွက်သား​တွေ တင်း​ထွက်နေသည့် လက်မောင်းကို
အားဖြင့် ရိုက်ချလိုက်သည်။

ဖြန်းးးး

"အားးးး "

ကောင်းကင်မှာ မျက်လုံးမှိတ်ကာ ပြန်အိပ်ရုံရှိသေး လက်မောင်းမှ စပ်ဖျင်းလွန်းသည့် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ ဒေါသများဖြင့် ထလာရပြန်သည်။သို့သော် မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် မျက်နှာကြောင့် စိတ်မဆိုးနိုင်တော့။ထိုသို့ဆိုသော်ငြား စိတ်မဆိုးတာကသက်သက်၊နာတာကသက်သက်ပင်။ထို့ကြောင့် ကောင်းကင်၏ မျက်နှာမှာ ဆူပုတ်နေတော့သည်။

"ဘာလို့ ရိုက်တာလဲ"

"အ.အရမ်းနာသွားလား တောင်းပန်ပါတယ်..
ကျွန်တော် အုံဖွလုပ်ပေးမယ်နော် အုံဖွ"

အုံဖွဆိုကာ သူ့လက်မောင်းကို ပန်းနုရောင်နှုတ်ခမ်းလေးဖြင့် နမ်းလာသည်ကြောင့် ကောင်းကင်မှာ နာနေသည်ကိုပင် မေ့ကာ မျက်လုံးပြူးကျယ်ကာ ခန္ဓာကိုယ်ကပင် ခပ်တောင့်တောင့်ဖြစ်သွားရသည်။ထို့အပြင် ငြိမ်သက်နေသည့် နှလုံးသားကြီးကပါ ဆောင့်ခုန်လာပြန်တော့သည်။

ရှင်မင်းသက်မှာတော့ ကိုကောင်း ဘာတွေဖြစ်နေမှန်းမသိပေ။ဒီအချင်းအရာမှာ ခလေးငယ်ကို လုပ်ပေးနေကျ ဖြစ်တာကြောင့် သူ့ကို မျက်လုံးပြူးကြည့်နေသည့် ကိုကောင်းကို နားမလည်နိုင်တော့။ထို့ကြောင့်
အရိုက်ခံလိုက်ရ၍ စိတ်တိုသွားသည်ဟုသာ ထင်လိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now