Ep.29-1

18.4K 1.5K 62
                                    

Unicode

Ep.29-1

ရှင်မင်းသက်ဟာ ကိုကောင်းတို့ ကုမ္ပဏီကို တစ်ယောက်တည်း သွားနေတာဖြစ်သည်။မနက်က အရေးကြီးသည့် အစည်းဝေးရှိတာကြောင့် မနက်စာပင် မစားနိုင်တော့ဘဲ ကုမ္ပဏီကို အပြေးသွားလိုက်ရသည့် ကိုကောင်းကြောင့် မတောင်းဆို​ခဲ့ပေမဲ့လည်း ထမင်းချိုင့် လာပို့ပေးခြင်းဖြစ်သည်။

ခလေးငယ်ရော ကိုကောင်းရောက သူချက်ပေးသမျှကို နှစ်ခြိုက်စွာ စားပေးကြသည်ကြောင့် သူ့မှာ ဝမ်းသာမဆုံး။ဒီ​နေ့မှာလည်း ထိုသားအဖနှစ်ယောက်လုံး ကြိုက်ကြသည့် သစ်တိုသီးနှင့် ပုဇွန်ကြော်ထားတာကြောင့် တကူးတက လာပို့ပေးတာဖြစ်သည်။

သားအဖနှစ်ယောက်လုံးဟာ ပုဇွန်စားပြီးတိုင်း ယားတတ်ပေမဲ့ အရမ်းကြိုက်ကြတာကြောင့် စားပြီးလျှင်တော့ ဆေးသောက်၊ဆေးလိမ်းရမည်ဖြစ်သည်။

ယနေ့သည် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မေက မနက်ကတည်းက အိမ်ကိုရောက်လာကာ ခလေးငယ်ကို လာခေါ်သွားပြီးဖြစ်သည်။ထို့ကြောင့် ဒီတစ်ခေါက်တွင် ခ​လေးငယ်မပါဘဲ ရှင်မင်းသက် တစ်ယောက်ထဲသာ ကုမ္ပဏီကို လာခဲ့တာဖြစ်သည်။ခလေးငယ်အကြောင်းစဉ်းစားရင်း ကိုကောင်းတို့အိမ်ကိုသွားသည့် ပထမဆုံးနေ့ကိုတောင် သတိရသွားသည်။

မေက ခ​လေးငယ်ကို ခဏခဏ  လာနမ်းနေတာကြောင့် ခ​လေးငယ်က 'နောက်ဆို ဒယ်ဒီတို့အိမ်ကို မသွားတော့ဘူး'ဟု ပြောလာသည်။

'ဘွားဘွားကြီးက အိမ်ထဲမှာ တစ်ယောက်ထဲ အထီးကျန်နေရတာလေ။ခလေးငယ်က အဖော်မပြုပေးချင်ဘူးလား'ဟု ပြောလိုက်တော့ ဘာမှ ပြန်ပြောမလာပေမဲ့ မေဖုန်းဆက်ခေါ်တိုင်း သူ့ဘွားဘွားကြီးနှင့် အတူတူစားဖို့အတွက်ဆိုပြီး ရှင်မင်းသက်ကို မုန့်တစ်ခုခုလုပ်ခိုင်းကာ ယူသွားလေရဲ့။တွေးနေရင်းနဲ့ ပင် ကိုကောင်းတို့ ကုမ္ပဏီကို ရောက်လာပြီဖြစ်သည်။

ဒီတစ်ခေါက်မှာတော့ ဘယ်ဝန်ထမ်းကမှ ရှင်မင်းသက်ကို စစ်မမေးတော့ပေမဲ့ မရဲတရဲ ခိုးကြည့်နေကြသည်။ရှင်မင်းသက်အတွက် ယခုလို အမြဲ အကြည့်ခံရတာကြောင့် မထူးဆန်းတော့။ကြည့်နေကြသည့် လူတွေကိုသာ ပြုံးပြလိုက်ကာ ကိုကောင်း၏ ရုံးခန်းရှိရာသို့ တက်သွားလိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now