Ep.18

26.4K 2.1K 76
                                    

Unicode

Ep.18

ခလေးငယ်ကို သွားကြိုဖို့ ပြင်ဆင်နေရင်း ရှင်မင်းသက်၏ စိတ်ထဲမှာတော့ တိမ်ကောင်းကင်ဆိုသည့်လူကြီး ရောက်မလာဖို့ ဆုတောင်းနေမိသည်။

သူ့အနေနှင့် ခလေးငယ်ကို ယုံပေမဲ့လည်း သူ့စိတ်ထဲမှာ တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားနေရသည်။
သူထင်တိုင်းလည်း မလွဲတတ်​ပေ။ဒါပေမဲ့ သူတွေးလို့မဆုံးခင်မှာဘဲ ထိုလူကြီးက ရောက်လာတော့သည်။

"သက်ငယ် ကိုယ်ရောက်ပြီး သွားကြတော့မလား"

'ကြည့်စမ်း လူကိုများ ပိုင်စိုးပိုင်နင်း သက်ငယ်ဆိုပဲ။ မသိရင် ငါတို့က လက်ထပ်ထားတာကြနေတာပဲ'ဟု ရှင်မင်းသက်မှာ စိတ်ပေါက်ပေါက်နှင့် မထော်မနန်း တွေးနေမိသည်။

"ခင်ဗျားမလာလဲ ကျွန်တော်က အခုပဲ သွားတော့မလို့။ပြီးတော့ ကျွန်တော့်ကို သက်ငယ် လို့မခေါ်နဲ့
ရှင်မင်းသက် လို့ပဲခေါ် သွားမယ် "

ရှင်မင်းသက်မှာ မျက်နှာကို မော်ကြွားရင်း အရင်ဦးဆုံး ထွက်သွားလိုက်သည်။

ကောင်းကင်မှာတော့ ကြောင်အနေလျက်သာ။သက်ငယ်လို့ခေါ်မိတာ ဘာမှားလို့လဲ။ဘာကြောင့် သက်ငယ်က ဒေါသထွက်သည့်ပုံ ပေါက်နေသလဲဆိုတာကို သူ စဉ်းစားလို့မရပေ။

'မခေါ်နဲ့ဆိုလဲ မခေါ်ဘူးကွာ။အသားပဲ့ပါသွားမှာ ကျနေတာပဲ။'

ကောင်းကင်တို့နှစ်ယောက်လုံး ကျောင်းရှေ့ကိုရောက်သွားတော့ ကျောင်းရှေ့မှာ ရပ်စောင့်နေတဲ့ တခြားကျောင်းသားမိဘတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နှင့် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ကြည့်နေကြသည့် လူတွေ၏ အမှားဟုလည်း ပြောလို့မရပေ။ကျောင်းစဖွင့်ကတည်းကနေ အခုချိန်ထိ
သမီးဖြစ်သူကို တစ်ယောက်တည်းလာကြို၊ လာပို့နေကျ single momတစ်ယောက်က ရုတ်တရက် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်းနှင့် ရုပ်ရည်အရာမှာလည်း ချောမောခန့်ညားလွန်းတဲ့ အမျိုးသားတစ်ယောက်နှင့်အတူ သမီးဖြစ်သူကို လာကြိုတာဆိုတော့လည်း စပ်စုချင်သည့် လူတွေ၏အမြင်မှာ ထူးဆန်းနေမည်မှာ အမှန်ပင်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now