Ep.36

22.3K 1.3K 70
                                    

Unicode

Ep.36

ယ​နေ့သည် ပိတ်ရက်ဆိုသော်ငြား ပုံမှန်နေ့များထက် Take Away Orderများ ပြည့်နှက်နေသည်ကြောင့် ရှင်မင်းသက်အပါအဝင် Dream Cafeတစ်ဆိုင်လုံး၏ ဝန်ထမ်းများကပါ အလုပ်ရှုပ်နေကြသည်။

ထို့အတူ ရှင်မင်းသက်သာမပါလျှင် မည်သည့်နေရာကိုမှ မသွားချင်ကြသည့် သားအဖနှစ်ယောက်သည်လည်း အသီးဖျော်ရည်နှင့်အတူ မုန့်တွေပါ သယ်ယူလာကာ ပြေးလွှားနေသည့် ရှင်မင်းသက်ကို ရုပ်ရှင်ကြည့်နေသည့်အလား ရှင်မင်းသက် ဘယ်ဘက်သို့ သွားလျှင် သားအဖနှစ်ယောက်လုံး၏ခေါင်းမှာ ဘယ်ဘက်သို့ ရွေ့သွားကြပြီး ညာဘက်သို့သွားလျှင် ညာဘက်သို့ ရွေ့လာကြသည်။

မုန့်ဖုတ်သည့် အခန်းလေးသည် အိုး၊ခွက်၊ပန်းကန်များ၏ ထိခတ်သံမှအပ စကားသံများ တိတ်ဆိတ်နေလေသည်။တိတ်ဆိတ်နေသော်ငြား နွေးထွေးသည့် အငွေ့အသက်များမှာ အခန်းအပြည့် ထုံးလွှမ်းနေသည်။

ထိုစဉ် တိတ်ဆိတ်နေသည့် အခန်းအတွင်းမှ အသံတစ်သံထွက်ပေါ်သည်။

Ring..Ring... Ring...

"ကိုကောင်းရေ ကျွန်တော့်ဖုန်းကို ကိုင်ပေးပါအုံး စပီကာလေးလည်း ဖွင့်ပေးပါ "

လုပ်လက်စလေး မပျက်ချင်တာကြောင့် ကိုကောင်းကိုသာ အကူအညီတောင်းလိုက်ရသည်။

သက်ငယ်၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို နှိုက်ယူကာ ဖုန်းလက်ခံရန် ပြင်လိုက်ပေမဲ့ ခေါ်ဆိုသူအမည်ကြောင့် ချက်ချင်းပင် ချပစ်ချင်တော့သည်။သို့သော်လည်း သက်ငယ်၏ စကားအတိုင်း ဖုန်းလက်ခံလိုက်ကာ စပီကာပါ ဖွင့်ပေးလိုက်သည်။

"ဟုတ် ရှင်းသက်ပြောနေပါတယ် "

"ငါဟေ့ငါ ဂျေးမီ "

"ဟုတ်ကဲ့ အစ်မကြီးက ကျွန်တော့်ကို ဘာများပြောစရာရှိလို့လဲ"

"နင်...နင် ငါ့ကို အစ်မကြီးလို့ မခေါ်ဖို့ ပြောထားတယ်လေ။ထားလိုက်တော့ ထားလိုက်တော့။အခုငါပြောမှာက အရေးကြီးတယ်။အရင်တစ်ခေါက်က နင်ပြောတော့ ဓာတ်ပုံထဲက ခလေးကို သိတယ်ဆို။အခုဘယ်မှာလဲ။နင် တကယ်သိတယ်ဆိုရင်လည်း ငါ့ကို ပြောပြပါတော့။အခုပဲ ငါ့အဖေရဲ့ ဆရာဝန်က နောက်သုံးလနေလို့မှ ခွဲစိတ်မှုမလုပ်သေးရင် အဆင်မပြေနိုင်တော့ဘူးလို့ ဖုန်းဆက်လာတယ်။အဲ့တာကြောင့် ကျေးဇူးပြုပြီး သိတယ်ဆိုရင် ငါ့ကိုသိခွင့်ပေးပါဟာ"

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora