Ep.14

23.8K 2K 46
                                    


Unicode

Ep.14

ဆေးရုံရောက်ပြီး ဆရာဝန်က စမ်းသပ်စစ်ဆေးပေးကာ ဆေးထိုးပေးပြီးတော့မှ ဆေးအရှိန်နှင့် ခလေးငယ်က အိပ်ပျော်သွားလေတော့သည်။

ဆရာဝန်ပြောခဲ့တဲ့စကားကို ပြန်တွေးမိသွားတော့
ရှင်မင်းသက်မှာ မျက်ရည်တွေ ကျလာရပြန်သည်။

'ရေမြေအပြောင်းအလဲကြောင့်ဖြစ်သလို ရေချိုးမှားတာကြောင့်လည်းပါတယ်'တဲ့လေ။အကုန်လုံးက
သူ့ကြောင့်ပင်။သူသာ ခလေးငယ်ကို သေချာဂရုစိုက်ခဲ့ရင် ခလေးငယ်က အခုလို ခံစားရမှာ မဟုတ်ပေ။

ထိုနေ့၊ထိုအချိန်မှစပြီး ရှင်မင်းသက်ဟာ သူ့ခလေးငယ်ကို သေချာဂရုစိုက်တော့သည်။ဘယ်တော့မှ ဖြစ်သလို မလုပ်တတ်တော့ပေ။အစားသောက်ကအစ၊ရာသီဥတုအလိုက် အဝတ်စားတွေ၊ရေချိူးချိန်တွေ စသဖြင့် အကုန်လုံးကို အထူးတလည် ဂရုတစိုက်လုပ်သည်။မည်မျှပင် အလုပ်ရှုပ်နေပါစေ ခလေးငယ်သည်သာ ရှင်မင်းသက်အတွက် နံပါတ်တစ်ဦးစားပေးပင် ဖြစ်သည်။

~~~~~~~~~~~~~~~~~

မြန်မာပြည်ကို စရောက်လာတဲ့နှစ်မှာ အကြောင်းကြောင်းကြောင့်  Cafeကို မဖွင့်ဖြစ်ခဲ့ဘဲ ယခုနှစ်မှသာ ဖွင့်ရလုပ်ရသည်။

ဒီနှစ်မှာ ခလေးငယ်က အသက်လေးနှစ်ပြည့်ပြီးသွားပေမဲ့ ရှင်မင်းသက်ဟာ ခလေးငယ်ကို မူကြိုမပို့သေးပါ။ဆိုင်ဖွင့်ဖို့အတွက် အလုပ်တွေရှုပ်နေသော်လည်း ခလေးငယ်ကို မူကြိုမပို့ချင်သေးတာမို့ သူကိုယ်တိုင် သူတတ်သလောက်၊မှတ်သလောက်ဖြင့် ခလေးငယ်ကို စာသင်ပေးဖြစ်ခဲ့သည်။

ခလေးငယ်ဟာ သူနှင့်လုံးဝမတူပါ။
ဥပမာပြောရမည်ဆိုရင် သူဟာ ငယ်ငယ်တုန်းက ဉာဏ်ကောင်းတဲ့ ခလေးမဟုတ်သလို၊အရယ်အပြုံးနည်းတဲ့ခလေးလည်း မဟုတ်ခဲ့ပါ။ထို့အပြင် ငိုရတာလည်း ကြိုက်သေးသည်။သူ့ခလေးငယ်မှာတော့ အရယ်အပြုံးရှိပေမဲ့ အနေတည်သည်။ဉာဏ်လည်းကောင်းကာ ပြောသမျှကိုလည်း နားလည်သလို၊ ငိုလည်းမငိုပေ။တစ်ခါတလေမှာဆို ရှင်မင်းသက်ကိုပင် နှစ်သိမ့်ပေးနေတတ်သေးသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now