Final Extra

12.8K 583 18
                                    

AN::အရင်ဆုံးကတော့ ဒီ နောက်ဆုံးတစ်ပိုင်းကို အချိန်အတော်ကြာအောင် စောင့်စေမိလို့ အနူးအညွတ် တောင်းပန်ပါတယ်ရှင့်။နောက်ဆုံးတော့ ကိုယ်တို့ တကယ်ကို နှုတ်ဆက်ရတော့မှာပဲ🥰🥰🥰

သုံးနှစ်ခန့် ကြာသော်....

​ကုမ္မဏီမှ နေ့လယ်စာ စားရန် အိမ်သို့ ပြန်လာချိန်တွင် သူတို့၏ ခြံတံခါးရှေ့ ဟိုချောင်း၊သည်ချောင်း လုပ်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်ကြောင့် ကားပေါ်မှ ဆင်းလာပြီး သူ့၏ နဂိုအေးစက်စက်အမူအရာဖြင့် စကားပြောလိုက်သည်။

"ဘယ်သူ့ကို ရှာနေတာလဲ...."

"အစ်ကိုက ဒီအိမ်သားထဲက တစ်ယောက်လားဗျ။ကျွန်​တော်တို့ဆီကို အစ်ကိုတို့ အိမ်လိပ်စာနဲ့ ပါဆယ်ဘူးကြီးရောက်လာလို့ လာပို့တာပါခင်ဗျ။ဖုန်းဆက်ကြည့်ပေမဲ့ ဖုန်းမကိုင်လို့ပါဗျ။ဒါဆို ဒီကအစ်ကိုကပဲ လက်ခံရရှိကြောင်း လက်မှတ်လေး ထိုးပေးပါအုံး"

လိပ်စာရော ဖုန်းနံပါတ်ကပါ အကုန်လုံးမှန်နေ‌သောကြောင့် ကောင်းကင် လက်မှတ်ထိုးပေးလိုက်သည်။
ထို့နောက် ဆင်ဝင်ရှေ့ ကားရပ်ကာ အိမ်ပေါ်သို့ တက်သွားလိုက်သည်နှင့် ချစ်ရသည့် အသည်းအသက် လေးယောက်လုံးကို ဧည့်ခန်းဆိုဖာပေါ်တွင် တွေ့လိုက်ရသည်။

ရှင်မင်းသက်သည် အမြွှာနှစ်ယောက်နှင့် ကလေးငယ်ကို ထမင်းခွံနေတာဖြစ်သည်။ကလေးငယ်သည် ဆယ်တန်းကျောင်းသူ အပျိုမလေးပင် ဖြစ်နေပြီးဆိုသော်ငြား အမြွှာလေးတွေကို ထမင်းခွံကျွေးချိန်တိုင်း သူ(မ)ကပါ ကလေးဝင်လုပ်ပြီး ရှင်မင်းသက်ကို ခွံကျွေးခိုင်းသည်။

ကလေးငယ်သည် အရွယ်ရောက်လာလေ ကိုကောင်းနှင့် အလွန်တူလာလေဖြစ်ကာ ရှင်မင်းသက်နှင့် တူသည့်နေရာမှာ ရှားရှားပါးပါးပင်။အရပ်အမောင်း၊ ရုပ်ရည်၊ အသားအရည်၊ ဆံပင်အရောင်မှအစ၊ ချေမိုးတာအဆုံး ရှင်မင်းသက်နှင့် တစ်စက်လေးမှမတူပေ။အိမ်မှ မိသားစုတွေကလွဲပြီး မည်သည့်သူစိမ်းကိုမှ မပြုံးပြသလို၊အမြဲတမ်း အေးစက်စက်နှင့်ပင်။အမြွှာနှစ်ယောက်ကတောင် ရှင်မင်းသက်နှင့် တူသေးသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now