Ep.15

27.3K 2K 15
                                    

Unicode

Ep.15

မနက်ဝေလီဝေလင်းအချိန်မှာ အိပ်ရေးမဝသေးပေမဲ့ ဆူညံနေသည့် ကားအသံများကြောင့် ရှင်မင်းသက်မှာ မနိုးထချင်ဘဲ နိုးထလာရတော့သည်။

မနက်မိုးလင်းလို့ အိပ်ယာထချိန်ရောက်ပြီးဆိုလျှင် သူများရပ်ကွက်တွေမှာ အခြေအနေဘယ်လိုလဲဆိုတာ မပြောတတ်ပေမဲ့ ရှင်မင်းသက်တို့ ရပ်ကွက်မှာတော့ ဆူညံနေသည့် ကားအသံတွေနှင့်သာ နိုးထလာရမြဲပင်။

ရှင်မင်းသက်ရဲ့ ခလေးငယ်ကတော့ ချမ်းလွန်းလို့ထင်ပါရဲ့ ရှင်မင်းသက်ကို ဖက်ထားသည်မှာ ဗိုက်ထဲကိုပင် ပြန်ဝင်တော့မတတ်ပင်။ချမ်းဆိုလို့ သားအဖနှစ်ယောက်လုံးက အဲယားကွန်းကို အေးစိမ့်နေအောင်ဖွင့်ပြီး စောင်ခြုံအိပ်ရသည်ကို
နှစ်ခြိုက်ကြတာကြောင့် အဲယားကွန်းကို ပုံမှန်ထက် အေးစိမ့်နေအောင် ဖွင့်ထားကြတာဖြစ်သည်။

သူ့ကို တင်းကြပ်နေအောင် ဖက်တွယ်ထားတဲ့ ခလေးငယ်ကို ဖြည်းဖြည်းချင်းမကာ ဖက်လုံးဆီကို လွှဲပြောင်းပေးလိုက်သည်။စောင်သေချာလုံအောင်
ပြင်ခြုံပေးလိုက်ကာ အဲယားကွန်းကိုလည်း လျော့ချလိုက်ပြီးတော့မှသာ မျက်နှာသစ်၊တစ်ကိုယ်ရည်
သန့်ရှင်းရေး လုပ်ရသည်။

ထို့နောက်မှာတော့ တစ်အိမ်လုံးကို လှည်းကျင်းကာ မနက်စာနှင့် နေ့လယ်စာအတွက် ပြင်ဆင်နေလိုက်သည်။

မနက်စာအတွက် ရိုးရိုးရှင်းရှင်း ထမင်းကြော်နှင့်
နွားနို့ကို ပြင်ဆင်ထားလိုက်ပြီး နေ့လယ်စာကိုတော့ ပန်းပွင့်အစိမ်းကြော်၊ငါးမွှေချက်နှင့် ဝက်သား အသားသက်သက်ကို နုတ်နုတ်စင်းကာ ဆူပွက်နေတဲ့ရေနွေးအိုးထဲသို့ အလုံးလေး လုံးပြီး ထည့်ပြုတ်လိုက်သည်။မုန်လာဥအနီနှင့် မုန်လာဥဖြူတို့ကိုလည်း ပါးပါးလှီးပြီး ရေဆေးကာ ထိုဆူနေတဲ့အိုးထဲကို ထည့်ပြုတ်လိုက်ပြီး ကျက်သွားသည့် အခါမှာတော့ နံနံပင်အုပ်ကာ မီးပိတ်လိုက်တော့သည်။

ထမင်းဟင်းတွေကို အပူခံထမင်းဘူးထဲ
လှယ်ထည့်လိုက်ပြီး ထိုထမင်းဘူးကို ခြင်းတောင်းအသေးလေးထဲသို့ ထည့်လိုက်သည်။
ရေကျက်အေးတစ်ဗူးနှင့် ဓာတ်ဆားဖျော်ရည်ဘူးပါ
ထည့်လိုက်ကာ လက်သုတ်ပုဝါတစ်ထည်ကိုလည်း အတူ ထည့်လိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedDonde viven las historias. Descúbrelo ahora