Ep.30

18.2K 1.4K 79
                                    

Unicode

Ep.30

'Ring..... Ring... '

နေ့လယ်စာ စားပြီး၍ cafeအတွက် လိုအပ်သည်များကို စစ်နေတုန်း ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်သောအခါ ခလေးငယ်၏ ကျောင်းကမှန်း တွေ့လိုက်သည်နှင့် ဘာကိုမှ မတွေးနိုင်တော့ဘဲ ချက်ချင်းပင် တန်းကိုင်လိုက်သည်။

"ဟဲလို မရှင်းသက်လား မသိဘူးရှင့်"

ဖုန်းကိုင်လိုက်သည်နှင့် 'ဟဲလို' လို့တောင် မပြောရသေးခင်မှာ တစ်ဖက်က မေးလာတော့သည်။

"ဟုက်ကဲ့ ရှင်းသက်ပြောနေပါတယ်။ ကိုယ့်သမီးတစ်ခုခုဖြစ်လို့လား "

"ဟုတ်ကဲ့ ခလေးက ကျောင်းရောက်ကတည်းက မျက်နှာလည်း မလန်းသလို နုံးနေတဲ့ပုံပဲ။အဲ့တာကြောင့် နေမကောင်းဘူးလားလို့ မေးလိုက်တော့လည်း နေကောင်းတယ်ပဲ ပြောတော့ ကျွန်မတို့လည်း ဒီအတိုင်းပဲ ထားလိုက်တယ် ။
နေ့လယ် ထမင်းစားဆင်းတော့ ခလေးက မစားဘဲ အိပ်ပဲအိပ်နေလို့ ကြည့်လိုက်တော့ ငိုနေတယ်ကွယ်။ဘာမေးမေး ဘာမှပြန်မပြောလို့ အစ်မကို ဖုန်းဆက်လိုက်တာပါ"

ထိုစကားကြောင့် ရှင်မင်းသက်သည် ဘာကိုမှ မတွေးနိုင်တော့ဘဲ ချက်ချင်းပင် ခလေးငယ်ရှိသည့် ကျောင်းကိုသာ အပြေးသွားတော့သည်။

နှင်းခနှင့် ဖြူစင်တို့၏ 'မသက် ဘယ်သွားဖို့လဲ' ဆိုသည့် အမေးကိုပင် မဖြေနိုင်။

နေ့လယ် ဆယ့်နှစ်နာရီကျော်သာ ရှိသေးသည်ကြောင့် နေအရမ်းပူနေသော်လည်း ရှင်မင်းသက် မမှုနိုင်။ခလေးငယ်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူရင်ကျိူးရမှာဖြစ်သည်။

ကျောင်းရောက်သောအခါ စာရေးစားပွဲပေါ် ခေါင်းလေးတင်ပြီး အိပ်နေသည့် ခလေးငယ်ကို တွေ့လိုက်တော့သည်။

'ခေါင်းတွေ၊လည်ပင်းတွေ နာနေတော့မှာပဲ။'

"ခလေးငယ် သမီးလေး"

သူ့အသံကို ကြားလိုက်သည်နှင့် ခုံပေါ် ခေါင်းမှောက်အိပ်နေရာမှ နီရဲနေသည့် မျက်နှာလေးနှင့်အတူ မျက်ရည်လည်ရွှဲဖြင့် မေ့ာကြည့်လာပြီး သူ့ကိုမြင်သောအခါ "ပါးပါး "ဟု တကာ ချက်ချင်း ထလာပြီး
လည်ပင်းကို ဖက်တွယ်ကာ ပခုံးပေါ်ခေါင်းတင်ရင်း
" နာတယ်"ဟု သည်းညူလာတော့သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedKde žijí příběhy. Začni objevovat