Ep.22

21.6K 1.5K 93
                                    

Unicode


Ep.22

မနက်တွင်ဖြစ်သည်။

ယနေ့မှာလည်း ပုံမှန်ကြားနေကျ ဆူညံညံကားသံများကြောင့် ရှင်မင်းသက်တစ်ယောက် နိုးထလာရပြန်တော့သည်။သူ့ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားသည့်ခ​လေးငယ်ကို ကြည့်လိုက်သောအခါ ခလေးငယ်က အိပ်မက်ထဲမှာ တစ်ခုခုဝါးနေသည်ထင် ပါးစပ်ဟကာ တစ်ခုခုကို ဝါးနေလေသည်။
'ချစ်ဖို့ကောင်းလိုက်တယ်ဆိုတာလေ...'သူ၏ခလေးငယ်ဆိုသည်မှာ အိပ်ပျော်ပြီး သွားပုတ်ရည်တွေကျနေတာတောင်မှ ချစ်ဖို့ကောင်းနေတုန်းပင်။မည်သူနှင့်တူလို့ပါလိမ့်..ချစ်လွန်းလို့ ထားစရာနေရာပင် မရှိတော့။

ခလေးငယ်၏ နဖူးပြင်ငယ်လေးကို တစ်ချက်နမ်းမွှေးကာ ခ​လေးငယ်၏ခါးပေါ်လက်တင်ထားသည့်ကိုကောင်းကို ကြည့်လိုက်သောအခါ ကိုကောင်းသည်လည်း ခလေးငယ်နည်းတူ ပါးစပ်ဟကာ အိပ်ပျော်နေလေသည်။

'လိုက်လဲ လိုက်တဲ့သားအဖတွေ'

ကိုကောင်းကို သူ့ထက် စောစောထဖို့
မှာထားခဲ့ပေမည့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်လည်းဖြစ်သလို ခလေးငယ်၏ကျောင်းလည်း ပိတ်ထားတာကြောင့် ဒီနေ့တစ်ရက်တော့ အိပ်ချင်တဲ့အချိန်ထိ
အိပ်ခိုင်းလိုက်မည်။မနှိုးရတဲ့ အဓိကအကြောင်းအရင်းကလည်း ရှိလေသည်။

မနေ့ညနေက ခ​လေးငယ်ကို
ကျောင်းကြိုပြီး ပြန်လာသည့်အချိန်မှာ
မီးဖိုချောင်နှင့်၊ဧည့်ခန်းအပါအဝင်
ဒုတိယအထပ် တစ်ထပ်လုံးကို ကိုကောင်းက သန့်ရှင်ရေး လုပ်ပေးထားသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့် မနက်အစောကြီးထပြီး လုပ်စရာမလိုတော့ပေ။

အတွေးတွေကိုရပ်ကာ မျက်နှာသစ်ဆေးကြောပြီး ဆံပင်ကိုလည်း မဖြီးတော့ဘဲ ညှပ်ကလစ်အကြီးဖြင့် ညှပ်ကာ မနက်စာချက်ရန် မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။

"ဘာချက်ရင်ကောင်းမလဲ...ဟုတ်ပြီ ဒီနေ့က ပိတ်ရက်ဆိုတော့ မုန့်ဟင်းခါလုပ်စားရမယ်..ဝိုင်းလုပ်ပေးမဲ့ အကူလဲ ရှိတယ်ဆိုတော့ အဆင်ပြေတယ်...
အခုမနက်စာအတွက်တော့ နွားနို့ တစ်ယောက်
တစ်ခွက်နဲ့ ပေါင်မုန့်ယိုသုတ်ဆိုရပြီ။"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now