Marriage Life.7

13.4K 851 46
                                    

Marriage Life.7

"နာနေလား ကိုယ်လျော့ပေးရမလား"

"အင်း အနေတော်ပါပဲ... "

သက်ငယ်ရဲ့ ခြေထောက်လေးတွေကို ကောင်းကင်က
နှိပ်ပေးနေတာဖြစ်တယ်။

နောက်ထပ် ခလေးလေးရောက်လာတော့မှာမို့လို့ ကောင်းကင် ပျော်မိပေမယ့် သက်ငယ်က အခုလို အဆင်မပြေတာကိုတွေ့တော့ ကောင်းကင် စိတ်မကောင်းဖြစ်မိပြန်တယ်။သမီးငယ်လေးကို ကိုယ်ဝန်ဆောင်ခဲ့တဲ့အချိန်တုန်းက ဘာမှမဖြစ်ခဲ့သလောက် ဒီတစ်ခေါက်မှာတော့ သူ့အသက်လေးက တော်တော်လေးကို ခံစားနေရရှာတော့တယ်။

ကိုယ်ဝန်လနုနေတုန်းက တစ်နေ့လုံး တစ်မျိုးပြီးတစ်မျိုး ခဏခဏ စားနိုင်ခဲ့ပေမယ့် အခုလို ကိုယ်ဝန် ၇လကျော် ၈လထဲဝင်ခါနီးတော့ သက်ငယ်လေးက ဗိုက်အင့်နေလို့ဆိုပြီး အစားလည်းမစားနိုင်သလို ကောင်းကောင်းမွန်မွန်လည်းမထိုင်နိုင်တော့ဘဲ အမြဲတမ်းလှဲအိပ်နေရရှာတယ်။ခြေသလုံးနှင့် ခြေဖမိုးတို့ကလည်း ပေါက်ကွဲတော့မယ့်အတိုင်း ဖောင်းယောင်နေပြီး မျက်နှာတွေကပါ သွေးမရှိတဲ့အတိုင်း ဖြူဖျော့နေရှာတယ်။အခုလို အစားမဝင်တော့ ပိုဆိုးတော့တာပေါ့။

ဆေးထိုးအပ် အလွန်ကြောက်တဲ့ကောင်လေးက သူ့ကြောင့် မျက်ရည်တဝဲဝဲနဲ့ တစ်ပတ်တစ်ခါလောက် ဆေးထိုးနေရရှာတယ်။ထိုအချိန်တွေဆို မျက်ရည်တဝဲဝဲနဲ့သူ့အသက်ကို ကောင်းကင် မမြင်ရက်ပေမဲ့ သက်ငယ်လေး ကြောက်နေမှာစိုးတာကြောင့် ဆေးထိုးချိန်တိုင်းမှာ ကောင်ငယ်လေးရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး အမြဲအားပေးဖြစ်ပြန်တယ်။

မေကတော့ မကြည့်ရက်တာမို့ ဆရာဝန်ရောက်လာရင် အမြဲတမ်း တစ်ခုခုကိုလုပ်နေပြီး သမီးငယ်လေးကတော့ သူ့ပါးပါးနည်းတူ မျက်ရည်တဝဲဝဲနဲ့ အခန်းတံခါးဝမှာ ချောင်းကြည့်နေတတ်ပြန်တယ်။

သက်ငယ်လေးကိုယ်ဝန်ရှိနေမှန်း သိလိုက်ရကတည်းက မေနဲ့သမီးငယ်ဟာ ချောင်းပေါက်မတတ်လာ နေ့တိုင်းကို ရောက်လာတော့တယ်။ကိုယ်ဝန်လရင့်လာတော့ မြေး၊ဘွားနှစ်ယောက်သားက အထုပ်ကိုယ်စီဆွဲပြီး ဒီအိမ်ထဲပြောင်းလာကြတဲ့နေ့တုန်းကဆို သက်ငယ်ရော ကောင်းကင်ကပါ အံ့သြခဲ့ရသေးတယ်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now