Ep.23.1

18.4K 1.5K 62
                                    

Unicode

Ep.23.1

ရှင်မင်းသက်နှင့် ကိုကောင်းတို့ဟာ လက်မထပ်ထားကြပေမည့် အတူတူနေရသည်မှာ စဉ်းစားထားသည်
ထက်ပင် အဆင်ပြေနေလေသည်။အတူတူနေကြသည်မှာ မကြာသေးပေမဲ့ သူတို့သားအဖအပေါ် အလွန်သိတတ်လေသည်။

မနက်ပိုင်း ရှင်မင်းသက်အိပ်ယာထသည်နှင့် ကိုကောင်းကပါ အတူတူထကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

'မောနင်း သက်ငယ်'

'မောနင်း ကိုကောင်း' ဟူ၍ နှုတ်ဆက်ဖြစ်ကြသည်။

နှုတ်ဆက်ပြီးသွားလျှင်တော့ ရှင်မင်းသက်က ကိုယ့်အခန်းမှာ မျက်နှာသစ်သွားတိုက်သလို ကိုကောင်းသည်လည်း သူပြင်ဆင်ပေးထားသည့် အခန်းမှာ မျက်နှာသစ်သွားတိုက်ခြင်းအမှုကို လုပ်ဆောင်လေသည်။ပြီးသွားလျှင် ကိုကောင်းက တစ်အိမ်လုံးကို လှည်းကျင်း၊သန့်ရှင်းပေးကာ သူကတော့ မနက်စာချက်ရသည်။

မနက်ပိုင်းအလုပ်တွေ ပြီးသွားလျှင် ကိုကောင်းက ရုံးသွားဖို့အတွက် ပြင်ဆင်ရသလို သူသည်လည်း ခလေးငယ်ကိုနှိုးကာ ရေချိုးသန့်စင်ပေးပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးပြီးတော့မှသာ ကိုယ့်ကိုယ်ကိုယ် ရေချိုးသန့်စင်လေသည်။

သူရေချိုးနေချိန်အတောအတွင်းမှာ ကိုကောင်းက သူတို့သုံးယောက်လုံး စားဖို့ရန်အတွက် မနက်စာခူးခပ်ပြင်ဆင်ထားပေးကာ ဝတ်ပြီးသားအဝတ်တွေကိုလည်း စက်ထဲထည့်​လျှော်ပေးသလို လှန်းလည်း လှန်းပေးသေးသည်။သူ့မှာ မီးပူသာ တိုက်ပေးရသည်။

သူ့ဘက်က ဝတ်စားပြင်ဆင်ပြီးသွားတော့မှသာ သုံးယောက်လုံးက မနက်စာ အတူတူ စားကြတော့သည်။

မနက်စာ စားသောက်ပြီးသည်နှင့် ခလေးငယ်ကို အတူတူ ကျောင်းလိုက်ပို့ကြပြီး၊ကျောင်းကအပြန်မှာတော့ ကိုကောင်းက ကုမ္ပဏီကိုသွားသလို သူသည်လည်း cafeထဲမှာသာ ဝင်
ထိုင်နေတော့သည်။

နေ့လယ်ဘက်တွေမှာတော့ ရှင်မင်းသက်ဟာ နေ့လယ်စာ စားပြီးသည်နှင့် နောက်တစ်နေ့ ရောင်းဖို့အတွက် မုန့်တွေလုပ်ရင်းနှင့်သာ အချိန်တွေကုန်ဆုံးလေသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now