Ep23.2

18K 1.5K 80
                                    

Unicode

Ep23.2

နာရီဝက်လောက် ကားမောင်းပြီးတော့မှသာ မေ့အိမ်ကို ရောက်သွားတော့သည်။ပါးစပ်မှ အပြုံးကလည်း ချိတ်ဆွဲလျက်ပေါ့။သို့ပေမဲ့ မေ့၏ စိုးရိမ်တကြီးမျက်နှာကို တွေ့လိုက်ရသောအခါ သူ့အပြုံးတွေက ပျောက်ကွယ်သွားတော့သည်။

အမြဲတမ်း ပြုံးပျော်နေတတ်သည့် မေက
တော်တော်လေးကို မျက်နှာပျက်နေလေသည်။ထို့ကြောင့် အပြုံးတို့ကို ရုတ်သိမ်းကာ...

"မေ သားရောက်ပြီ အဆင်ပြေရဲ့လား။
တစ်ခုခုဖြစ်လို့လား"

မေဟာ သူ့ကို ပြုံးပြကာ

"အဆင်ပြေပါတယ်။သားဆီမှာ တစ်ခုခုကို
အတည်ပြုစရာရှိလို့ပါ "ဟု ပြောလာသည်။

"ဘာများလဲ မေ"

မေဟာ ဝေ့လည်ကြောင်ပတ်တွေ မပြောတော့ဘဲ
ပြောစရာ ရှိသည်ကိုသာ တိုက်ရိုက်ပြောလာတော့သည်။

"မေ့ရဲ့မိတ်ဆွေတွေက ပြောကြတယ် သားက
ခလေးတစ်ယောက်အမေ တစ်ခုလပ်နဲ့ မေတ္တာမျှနေတယ်တဲ့။မနက်တိုင်း အဲ့အမျိုးသမီးရဲ့ခလေးကို အတူတူ ကျောင်းလိုက်ပို့ပြီး၊ညနေ အလုပ်ကပြန်တော့လဲ အဲ့ဒီ သားအမိနှစ်ယောက်အိမ်ကိုပဲ ပြန်တယ်တဲ့။သူတို့တွေ ပြောသမျှ မေမယုံသလို သားကို မေ ယုံကြည်တယ်လေ။"

မေ့စကားကြောင့် ကောင်းကင်မှာ စိတ်ထဲမလဲဖြစ်သွားရသလို၊ စိတ်မကောင်းပါ ဖြစ်သွားရသည်။

"ဒါပေမဲ့လဲ သားရဲ့ တိုက်ခန်းကို ဟင်းတွေသွားပို့တိုင်း ရေခဲသေတ္တာထဲမှာ အရင်ထည့်ထားခဲ့တဲ့ ဟင်းတွေအားလုံးက မတို့မထိထားသလို အိမ်ကလဲ အိမ်နဲ့မတူဘဲ ဖုန်တွေနဲ့ပဲပြည့်နေတာ။သားရဲ့ တိုက်ခန်းကိုသွားတိုင်း အမြဲသန့်ရှင်းရေး လုပ်ခဲ့ရတယ်။အဲ့ဒီလို အမြဲကြုံခဲ့ရတာတောင် သားကို ယုံကြည်တာမို့ တစ်ပါးသူစကားတွေကို နားမယောင်ခဲ့ဘူး။နောက်ပြီး မေ လာမိတာက ရုံးဖွင့်ရက်တွေမို့လို့ ရုံးပိတ်ရက်မှာတော့ သားက အိမ်မှာ ရှိမှာပါလို့ တွေးပြီး ရုံးပိတ်ရက်တွေမှာပါ လာခဲ့တယ်။ဒါပေမဲ့လဲ သားရဲ့အိမ်မှာ အရင်တစ်ခေါက်က ထားခဲ့တဲ့ ဟင်းတွေနဲ့အတူ ဖုန်တွေပဲ ရှိတယ်။သားက အလုပ်တွေ အရမ်းရှုပ်နေလို့ အိမ်ပြန်မလာဖြစ်တာပါလို့ တွေးပြီး တခြားလူတွေပြောသမျှကို နည်းနည်းလေးတောင်မယုံကြည်ခဲ့ဘူး။ဒါပေမဲ့လဲပေါ့ ရုံးပိတ်ရက်တစ်ရက်မှာ သားတို့ ကုမ္ပဏီနားက ကုန်တိုက်ကိုသွားခဲ့တယ်"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now