Ep. 1

136K 4.1K 96
                                    

Ep.1

ရန်ကုန်မြို့ကြီးသည် လူစည်ကားသော
မြို့ဖြစ်သည်နှင့်အညီ မနက် ၇နာရီကျော်သာ ရှိသေးသော်ငြား လူအများစုက ဝမ်းစာရေးအတွက်
လမ်းမပေါ်တွင် သွားလာလှူပ်ရှားနေကြပြီး
ဖြစ်သည်။

စီးပွားရေး အချက်အခြာကျသော
မြို့ဖြစ်သည့်အလျောက် ကုမ္ပဏီလုပ်ငန်း၊ အထပ်မြင့် တိုက်တာအဆောက်အဦးများ၊ ကုန်တိုက်များနှင့်အတူ၊ အထည်ချုပ်လုပ်ငန်းများ၊ ကိုယ်ပိုင်း​ကျောင်း၊ မူကြိုကျောင်းများနှင့် ကိုယ့် ကိုယ်ပိုင်အိမ်တွင် ရောင်းချသည့် အိမ်ဈေးဆိုင်ငယ်များလည်း ရှိသည်။ထို့အပြင် ကုန်စိမ်းရောင်းသော ဈေးပွဲရုံကြီးလည်း ရှိသောကြောင့် ရန်ကုန်မြို့သည် လူချမ်းသာများနှင့်အတူ သာမာန် လူလတ်တန်းစား အများအပြားလည်း နေထိုင်ကြသည့် စည်ကားသည့် မြို့ကြီးဖြစ်သည်။

လှည်းတန်း တစ်နေရာတွင် ဖြစ်သည်။

ပန်းခြံငယ်ကဲ့သို့ အလှပန်းပင်များ စိုက်ပျိုးထားသည့် ခြံဝန်းကျယ်ကြီးထဲရှိ အဝါနုရောင် သုံးထပ်တိုက်ကြီးထဲတွင် ညအိပ် ကာတွန်းဝမ်းဆက်နှင့် ကျောလယ်လောက်ရှိသည့် ရွှေအိုရောင် ဆံနွယ်လေးများကို အဝတ်စဖြင့် ကပိုကရို စည်းနှောင်ထားပြီး ခါးတွင်လည်း အေပရွန်စည်းထားသည့် လူငယ်တစ်ဦးက မနက်စာ ချက်ပြုတ်နေလေသည်။ထိုစဉ်

"ပါးပါး ဘာတွေချက်နေတာလဲ"ဟူသော အသံငယ်လေးနှင့်အတူ ၅နှစ်အရွယ် ကလေးမငယ်လေးတစ်ယောက်က လူငယ်၏ ခါးကို မမှီတမှီ လှမ်းဖက်လာတော့သည်။

ဆည်းလှည်းသံလေးကဲ့သို့ ချိုမြိန်သည့် ကလေးငယ်၏ အသံကြောင့် လူငယ်က လုပ်လက်စများကို ရပ်ကာ ကလေးငယ်ဘက်သို့ လှည့်လာခဲ့သည်။

"ခလေးငယ် မျက်နာသစ်ပြီးပြီလား။
ပါးပါးက  ပါးပါးခလေးငယ်အကြိုက် ပုဇွန်ကြော်ထားတယ် "

"သစ်ပြီးပါပြီ ပါးပါး "

"Ok အခု ပါးပါးတို့ မနက်စာ အရင်စားကြမယ်။
ပြီးရင် ခဏနားပြီး ရေချိုးကြမယ်"

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now