Ep.37

17.2K 1.2K 46
                                    

Unicode

Ep.37

လေဆိပ်တွင် ဖြစ်သည်။

ခရီးသည်ထိုင်ခုံပေါ် ထိုင်နေသည့် ရှင်မင်းသက်၏ ပေါင်ပေါ်တွင် ရှုမဝလေးက အဖေဖြစ်သူကို မျက်နှာချင်းဆိုင် ခွထိုင်ကာ ခါးကို တင်းကြပ်နေအောင် ဖက်တွယ်ထားပြီး မျက်နှာလေးကိုလည်း သူ့ပါးပါး ရင်ခွင်ထဲ ဝှက်ထားသေးသည်။

ရှင်မင်းသက်လည်း ထိုနည်းတူ ခလေးငယ်ကို တင်းကြပ်သည်ဟု မဆိုသော်ငြား ခပ်ဖွဖွလေးလည်းမဟုတ်သည့် အတိုင်းအတာဖြင့် ပြန်လည်ပွေ့ဖက်ထားကာ ခလေးငယ်၏ ခေါင်းပေါ် သူ့ရဲ့ပါးပြင်ကိုအပ်ထားသည်။ရှင်မင်းသက်၏ ဘေး ဘယ်၊ညာတစ်ဖက်တစ်ချက်ဆီတွင် တိမ်ကောင်းကင် နှင့် ဒေါ်မေတ္တာချိုက ထိုင်နေလေသည်။

ကောင်းကင်သည်လည်း တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားကြသည့် သားအဖနှစ်ယောက်ကိုကြည့်ကာ ထိုသားအဖနှစ်ယောက်ကို သူပါ ဖက်ထားချင်သော်လည်း အနှောင့်အယှက်ဖြစ်မည်ကို စိုးတာကြောင့် မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေလိုက်သည်။

ဒေါ်မေတ္တာချိုမှာတော့ သားအဖသုံးယောက်ကို စိတ်မကောင်းစွာသာ ထိုင်ကြည့်နေရသည်။

ထိုမိသားစုလေးယောက်သည် မည်သူကမှ နှုတ်ဆက်စကား မဆိုကြဘဲ နှုတ်ဆိတ်ရင်းသာ တိတ်တဆိတ် ထိုင်နေကြသည်။

ပထမအကြိမ်........
.
.
.
ဒုတိယအကြိမ်........
.
.

ခရီးသည်များကို လေယာဉ်ပေါ်သို့တက်ရန် အော်ခေါ်နေသံကို ကြားလိုက်ရတိုင်း ရှင်မင်းသက်၏ မျက်ဝန်းပြာတို့က ပို၍နီရဲလာသည်။ထိုနည်းတူ ခလေးငယ်သည်လည်း ပို၍ တင်းကြပ်စွာ သူ့ကို ဖက်တွယ်လာတော့သည်။ထို့အပြင် ကြည့်ရုံသာ ကြည့်နေခဲ့သည့် ကောင်းကင်သည်လည်း ငြိမ်မနေနိုင်တော့ဘဲ သားအဖနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။

"ကျွန်မ နည်းနည်းလေး နောက်ကျသွားတယ်။"

နောက်ဆုံးမှ ရောက်လာသည့် ဂျေးမီသည် နှုတ်ဆက်လိုက်သော်လည်း အဖက်လုပ်မခံရပေ။
' သူ့ခလေးက ငယ်ငယ်လေးရှိသေးတာ ဝမ်းနည်းနေမှာပေါ့'ဟုသာ ဖြည့်တွေးလိုက်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now