Marriage Life.8

14.5K 846 26
                                    

Unicode

Marriage Life.8

"နေသာရဲ့လား သက်ငယ်။ဒါမှမဟုတ် ကိုယ်တို့ ဆေးရုံသွားကြရအောင်လေ နော် "

"အာ ကိုကောင်းကလည်း ရက်ချိန်းက သုံးပတ်လောက်တောင် လိုသေးတာကို။ဆေးရုံမှာ တစ်လနီးပါးထိတော့ မနေချင်ပါဘူးဗျာ.... "

"အသက်ရာ.... "

မွေးဖွားဖို့ရန်အတွက် သုံးပတ်ခန့်သာ လိုတော့သည်ကြောင့် ဆေးရုံကြိုသွားနှင့်ရန် ပြောနေသော်ငြား သက်ငယ်သည် သက်ငယ်ပီသစွာ ခေါင်းမာနေတုန်းဖြစ်သည်။ဆေးရုံအကြောင်း ပါးစပ်ဟလိုက်သည်နှင့် 'မသွားဘူး'ဆိုသည့်စကားဖြင့် ကြိုပိတ်တတ်လေသည်။သို့သော် သည်တစ်ကြိမ်မှာတော့ ကောင်းကင်လည်း အရှုံးပေးမည်မဟုတ်ပေ။သက်ငယ်သာ တစ်ခုခု ဖြစ်သွားပါက သူလည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်သလို၊လုပ်လည်း မလုပ်တတ်ပေ။ထိုနည်းတူ မေသည်လည်း သူ့နည်းတူ လုပ်တတ်မှာမဟုတ်ပေ။

"ဒါပေမယ့်လည်းကွာ ကိုယ်တို့ ပုံမှန်အခန်းမဟုတ်ဘဲ အထူးခန်းမှာ နေမယ်ဆို အိမ်မှာနေသလိုမျိုးပဲ နေရမှာလေ။ဆရာဝန်တွေကလည်း ခဏခဏ လာမှာ မဟုတ်ဘူးလေ။အဲတာကြောင့် ဆေးရုံသွားရအောင် နော်။ကိုယ်ရှိနေရဲ့သားနဲ့ သက်ငယ် တစ်ခုခုဖြစ်သွားရင် ကိုယ်က ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးရယ်...... "

"ဆေးရုံက သွားမှာပါ။ဒါပေမယ့် အခုမှ မသွားချင်သေးတာကို။မွေးပြီးရင်လည်း ဆေးရုံမှာ ထပ်နေရအုံးမှာကို။မသွားချင်ဘူးဗျာ။ "

ပြောပြီးသည်နှင့် ထပ်ပြီး မပြောချင်တော့တာကြောင့် စောင်ဖြင့် ခေါင်းမြီးခြုံလိုက်တော့သည်။

'ဟုတ်တယ်လေ။ဘယ်လိုပဲ အထူးခန်းလို့ပြောပြော မနက်၊ နေ့လယ်၊ ညနေတွေမှာ ဆရာဝန်တွေက ဆေးလာစစ်နေမှာပဲလေ။ဆေးလာစစ်နေမှတော့ သောက်ဆေးတွေရော၊ အခန့်မသင့်ရင် ဆေးပါ ထိုးနေရအုံးမှာ။အိမ်ထဲမှာ နေ နေတာတောင် ကိုကောင်းတို့က ဆရာဝန် ခဏခဏပင့်လာလို့ သူ့မှာ မကြာမကြာဆေးထိုးခံနေရတာ။ဆေးရုံသာ ရောက်သွားလို့ကတော့ နေ့တိုင်း ဆေးထိုးမခံရဘူးလို့ မပြောနိုင်ဘူး'လေ။

သူမှလွဲ၍" Except Him " (BL-OC) CompletedOpowieści tętniące życiem. Odkryj je teraz