Ep.2

43.2K 2.8K 21
                                    

Ep.2

Unicode

လှည်းတန်း တစ်နေရာတွင် ဖြစ်သည်။

အထပ်မြင့် အဆောက်အဦးရှေ့သို့
တန်ဖိုးမြင့် အနက်ရောင်ကားတစ်စီး
တိခနဲရပ်လာကာ အရှေ့ခန်းမှ လူငယ်တစ်ဦးဆင်းလာပြီး အနောက်ခန်း တံခါးကို ဖွင့်လိုက်သည်။

တံခါး ပွင့်လာသည်နှင့် အပေါ်အောက်
အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့်
ခန့်ညားချောမောသည့် လူငယ်တစ်ဦး
ဆင်းလာသည်။ထိုလူငယ်၏ အရပ်မှာ ခြောက်ပေ သုံးလက်မမျှ ရှိလောက်သည်။

လူငယ်သည် မည်းနက်တောက်ပြောင်နေသည့် ဆံပင် အနက်ရောင်တို့ကို အနောက်သို့ သပ်ရပ်စွာ လှန်ဖီးထားသည်။လေးထောင့် မကျတကျ နှဖူးပြင်ကိုလည်း ပိုင်ဆိုင်ထာပြီး မည်းနက်ဖြောင့်တန်းနေသည့် မျက်ခုံးမွှေး၊ထင်းနေသည့် နှာတံမြင့်မြင့်နှင့်အတူ၊ မထူမပါး နှုတ်ခမ်းပါးကိုလည်း ပိုင်ဆိုင်ထား​လေသည်။ထို့အပြင် ဝီပုံသဏ္ဍန် မေးရိုးချွန်ချွန်ကိုလည်း ပိုင်ဆိုင်ထားသေးသည်ကြောင့် လွန်စွာ ချောမောခန့်ညားလွန်းလှသည်။တစ်ကိုယ်လုံးကို ခြုံငုံကြည့်မည်ဆိုပါက နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။

ကုမ္ပဏီအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဝန်ထမ်းများက သူ့ကို ကွက်ကြည့်နေကြပြီး အချင်းချင်း တီးတိုးပြောဆိုနေကြသည်။မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်လိုက်မှသာ အလုပ် ပြန်လုပ်ကြတော့သည်။

ထိုစဉ်

Ring Ring...

ဖုန်းမြည်သံကြောင့် အိတ်ကပ်မှ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ သူငယ်ချင်းဖြစ်သူ စိုင်းဇေယျာ၏ ဖုန်းဖြစ်ကြောင်း သိလိုက်ရသည်နှင့် တန်းကိုင်လိုက်သည်။။

"ဟေ့ကောင် ရောက်လာပြီးလား "

"အေးရောက်ပြီး ပထမအထပ်မှာပဲ"

"လာကြိုပေးရမလား"

"ရတယ်။လာမကြိုနဲ့။ကိုယ့်ဟာကိုယ် လာခဲ့မယ်"

ထိုမျှပြောကာ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

သူ့နာမည်မှာ တိမ်ကောင်းကင်ဖြစ်ပြီး
အသက်က၂၈နှစ် ဖြစ်သည်။
ဆယ်တန်းပြီးသည်နှင့် အမေရိကသို့ သွားရောက်ခဲ့ကာ ကျောင်းတက်ရင်းဖြင့် စီးပွားရေး လုပ်ကိုင်ခဲ့ကာ ယခုအချိန်မှာတော့ အသက်၃၀အောက် လူငယ် CEOတစ်ယောက်ပင် ဖြစ်နေပြီးဖြစ်သည်။
ယခုမှာတော့ မြန်ပြည်အတွင်းရှိ ကုမ္ပဏီကို အုပ်ချုပ်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now