Marriage Life.4

13K 856 37
                                    

Unicode

Marriage Life.4

ရှင်မင်းသက်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်မှာ စုစုပေါင်း ကိုးရက်ပင် ကြာခဲ့လေသည်။

သံဖြူဇရပ်မြို့နယ်ကအပြန်မှာ ကမာဝက်မြို့ထဲမှ ကျိုက်ဇယ်ဘုရားနှင့် ဓာတ်တော်တိုက်ဘုရားကျောင်း။

မုဒုံမြို့နယ်ထဲမှ ကန်ကလေးစေတီတော်နှင့် ကန်ကြီးစေတီတော်၊ကော့ခပုံရွာမှ ဘင်လှိုင်စေတီတော်၊
ဝင်းစိန်တောရ ဗျိုင်းနှစ်ကောင်ဘုရား။

မော်လမြိုင်မြို့မှ ကျိုသလ္လံဘုရားနှင့် အထင်ကရနေရာများအပြင်၊ ဘားအံမြို့မှ အထင်ကရာနေရာများကိုလည်း နှစ်ယောက်သား လည်ပတ်ခဲ့ကြသေးသည်။လည်ပတ်စရာနေရာ တော်တော်များများကျန်သေးပေမဲ့ ခလေးငယ်ကို လွမ်းလွန်းတာကြောင့် ရှင်မင်းသက်တို့နှစ်ယောက် အိမ်ပြန်ခဲ့တော့သည်။

အိမ်ရှေ့ရောက်လို့ ရှင်မင်းသက်နှင့်ကိုကောင်းတို့ပင် ကားပေါ်မှဆင်းမလာရသေးခင်မှာပင် ခလေးငယ်ဟာ အိမ်ထဲမှ ပြေးထွက်လာနေပြီးဖြစ်သည်။

ပြေးထွက်လာတဲ့ခလေးငယ်ကြောင့် ကားပေါ်မှအထုပ်အပိုးတို့ကိုပင် ရှင်မင်းသက် သတိမရေတာ့ ခလေးငယ်ကိုသာ ပွေ့ချီရန်ပြင်လိုက်သည်။

"ပါးပါးကို မီး အများကြီးလွမ်းနေတာ"

"ပါးပါးလည်း ပါးပါးရဲ့အသည်းလေးကို အရမ်းလွမ်းနေတာ"

ရှင်မင်းသက်မှာ ခလေးငယ်ကို ပွေ့ချီချင်ပေမဲ့ ခလေးငယ်က အရင်တုန်းကလို ခလေးလေးမဟုတ်တော့ဘဲ သူ့အရပ်ကိုပါ မှီချင်နေတာကြောင့် ချီလို့ပင် မနိုင်ချင်တော့။ဒူးထောက်ပြီးတော့သာ ဖက်လိုက်ရသည်။ဘယ်အချိန်ကများ ဒီလောက်တောင် အမြန်ကြီးထွားလာတာပါလိမ့် သူ့မှာချစ်လို့တောင် မဝေသးတာကို။

ကောင်းကင်ကတော့ ထိုသားအဖနှစ်ယောက်ကို ပြုံ၍သာကြည့်နေလေသည်။

......................

ရက်တွေ လတွေ အလီလီပြောင်းလဲခဲ့လေပြီး။

သမီးငယ်လေးသည်လည်း ရှင်မင်းသက်တို့နှင့် မနေတော့ဘဲ ရှင်မင်းသက်တို့ ခရီးကနေ စရောက်ပြီး သုံးရက်ရက်မြောက်မှာပဲ ဖေဖေတို့လည်း အမေရိကကိုပြန်သွားသလို သမီးငယ်လည်း သူ့ဘွားဘွားကြီး အထီးကျန်နေမှာကို စိတ်ပူတာကြောင့် သူ့ဘွားဘွားကြီးဆီကို ပြောင်းသွားသည်မှာ နှစ်လကျော် သုံးလနီးပါးပင် ရှိနေလေပြီး။

သူမှလွဲ၍" Except Him " (BL-OC) CompletedOpowieści tętniące życiem. Odkryj je teraz