သီတင်းကျွတ်Extra

16K 778 51
                                    

Unicode

"လာပါဆို ပါးပါးကလည်း မီး စိတ်ဆိုးမှာနော်"

"ဟုတ်တယ် သားရောပဲ "

"သားလည်း မမနဲ့ ကိုကြီး ပြောတဲ့အတိုင်းပဲ"

ရှင်မင်းသက်သည် နီရဲနေသည့် မျက်နှာဖြင့် ခေါင်းကုတ်လိုက် လည်ပင်းကုတ်လိုက်နှင့် သက်ပြင်းချနေမိတော့သည်။

ဒီခလေးပေါက်တွေဟာ သူတို့လေးတွေရဲ့ ဒယ်ဒီကို သီတင်းကျွတ်မှာ ကန်တော့ချင်တယ်ဆိုလို့ တစ်ယောက်တမျိုးဆီ ကန်တော့ဖို့ပစ္စည်းတွေ ဝယ်ပေးထားပေမဲ့ ကိုယ့်ဟာကိုယ် မကန်တော့ကြပဲ သူ့ကိုပါ အပါခေါ်နေသည်လေ။

ကိုကောင်းနှင့် အတူနေခဲ့သည့်တစ်လျောက်လုံးမှာ ကိုကောင်းကို မကန်တော့ဖူးသလို ကိုကောင်းကလည်း ဒီအကြောင်းနှင့်ပတ်သတ်ပြီး ဘာမျှ ထုတ်မပြောခဲ့ပေ။

ထို့ကြောင့် ယခုလို ချက်ချင်းကြီး ကန်တော့ခိုင်းတာက သူ့အတွက်အဆင်မပြေပေ။သို့သော် ခလေးသုံးယောက်ဟာ နှုတ်ခမ်းဆူပြီး မျက်နှာလေးတွေက ပြိုတော့မည့်မိုးလို ဖြစ်နေတာကြောင့် ရှင်မင်းသက်လည်း ခလေးတွေ ဆွဲခေါ်သည့်နောက်ကို လိုက်သွားရတော့သည်။

~~~~~~~~~~~

ယနေ့မှာ ရုံးပိတ်ရက်ဖြစ်ပေမဲ့ နေ့လယ်က သက်ငယ်မပင်ပန်းအောင် ခလေးတွေကို ကူထိန်းပေးနေတာကြောင့် ညအိပ်ချိန်မှသာ စာကြည့်ခန်းထဲ အလုပ်လုပ်နေရလေသည်။

ထိုစဉ် တံခါးခေါက်သံမရှိဘဲ တံခါးပွင့်လာတာကြောင့် ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်သောအခါ ကိုကြီးနဲ့ ကိုငယ်တို့ ညီအစ်ကိုနှစ်ယောက် ဝင်လာသည်ကို ​တွေ့လိုက်ရသည်။

"သားသားတို့က မအိပ်သေးဘူးလား
အိပ်ချိန်ရောက်နေပြီး....."

"လာ သားသားတို့နဲ့လိုက်ခဲ့...."

အမွှာနှစ်ယောက်ဟာ ကောင်းကင်မေးသည်ကို မဖြေဘဲ သူ့လက်တစ်ဖက်စီကိုဆွဲကာ အပြင်ကိုသာ ခေါ်ထုတ်နေသည်ကြောင့် လုပ်လက်စတွေကို ထိုအတိုင်းထားခဲ့ကာ ခလေးတွေနောက်ကို လိုက်သွားရတော့သည်။

ခလေးတွေဟာ အိပ်ခန်းထဲကို ဝင်သွားရမည့်အစား ဘုရားအခန်းထဲ ဝင်သွားတာကြောင့် ကောင်းကင်အံဩရပေမဲ့ ဘုရားအခန်းထဲ ရှိနေသည့်လူနှစ်ယောက်ကိုပါ မြင်လိုက်တော့ ပို၍ပင် အံ့ဩရပြန်သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now