ငါ့ခမည်းတော်က ငါသိုင်းလေ့ကျင့်တဲ့ နေရာမှာ ပိုအဆင်ပြေအောင်ဆိုပြီး နောက်ထပ် ဆရာတစ်ယောက် ထပ်ခေါ်လာခဲ့တယ်။ဝူရှဆိုတဲ့ အသက် ၂၀ ကျော်ကျော်အရွယ်လောက်ဘဲ ရှိမည့် မက်မွန်ပွင့်ဖတ် နုနုလေးနဲ့တူတဲ့ ကောင်လေးတစ်ယောက်။
ငါထင်တာ မှားသွားခဲ့တယ်။တကယ်တော့ ငါ့ဆရာလှလှလေးရဲ့ အသက်အမှန်က နှစ် ၅၀ တိတိ ရှိပြီတဲ့လေ။ဘယ်လိုနတ်ဆေးလုံးတွေ စားထားခဲ့လို့များ သူ ဒီလောက်အထိ နုပျိုနေနိုင်ရတာလဲ။ငါတကယ် သိချင်မိတယ်။
တာလီတစ်ခွင်လုံးမှာ ငါသခင်လေးနဲ့ ခမည်းတော်ကဘဲ အချောဆုံးဆိုတဲ့ အရိုက်အရာတွေမှာ ရှိနေကြတယ်ဆိုလို့ တစ်ချိန်လုံး ဝံ့ကြွားစွာဘဲ တွေးတော နေထိုင်ခဲ့တယ်။မထင်မှတ်ထားဘဲ အဲ့ဒီဆရာဆိုတဲ့ ကောင်လေးရဲ့ လှပနိုင်ပုံကို မြင်တွေ့လိုက်ရတော့ ငါ့မှာ အသက်ရှုတောင်ရပ်တော့မလိုတောင် ဖြစ်သွားရတယ်။
သူ့ကိုကြည့်ရတာ ဖြူလွှပြီး တိမ်တွေပေါ်မှာ ခုန်ဆွခုန်ဆွ ကစားနေတဲ့ ယုန်ဖြုလေးတစ်ကောင်နဲ့ တူတယ်။အရမ်း နူးညံ့နေတယ်။
သူ့အကြည့်တွေက လေးနက်ပြီး ပညာတက်တစ်ယောက်လိုဘဲ ငါ့ကို အမိန့်တွေ အများကြီးလည်း ပေးနိုင်စွမ်းတယ်။ငါ့ဆရာမှာ လျို့ဝှက်ချက်တွေ အများကြီး ရှိပါတယ်။ဆရာနဲ့ ပတ်သက်တဲ့ လျို့ဝှက်ချက်တွေကို သိရဖို့ ငါ ဆရာရေချိုးနေတုန်း ခိုးကြည့်ဖူးခဲ့တယ်။သိုင်းပညာတွေ အများကြီးရှိနေတဲ့ ဆရာက ငါခိုးကြည့်နေခဲ့တာ သေချာပေါက် သိနေမှာဘဲ ဟုတ်တယ်မလား။ဒါပေမဲ့ မသိချင်ဟန်ဆောင်ပြီး ငါ့ကိုမြူစွယ်ဖို့ ရေဆက်ချိုးနေတယ်လို့ ခံစားခဲ့ရတယ်။
ငါ့ရင်ဘက်ထဲ မီးရှုးမီးပန်း ဖောက်နေသလိုပါဘဲ။''ဒုန်း ဒုန်း ဒိုင်း ဒိုင်း!”နဲ့လေ။
ရေချိုးနေတဲ့ ငါ့ဆရာမှာ ခါးသေးသေးလေး ရှိတယ်။ဆရာက သူ့ရဲ့ဆံနွယ်တွေကို ဆွဲမြှောက်စီးထားခဲ့လို့ ဂုတ်ပေါ်မှာ ကျန်နေခဲ့တဲ့ အမွှေးစိမ်းလေးတွေက ငါ့ကို သူနဲ့အတူ ရေချိုးဖို့ စိန်ခေါ်နေသလိုဘဲ။
ငါ့ကိုယ်ထဲက အဆိပ်တွေကို ဖြေပေးချင်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ဘဲ စိတ်ကျင့်စဉ် ကျင့်နေတုန်းမှာ ငိုက်ကျသွားတဲ့ ငါ့ကို အခွင့်အရေးယူလာတယ်။သူ ငါ့နှခမ်းကို ခိုးနမ်းလိုက်တယ်လေ။
မျက်လုံးတွေကို ဖိမှိတ်ထားမိတုန်းဘဲ။ငါ့မျက်တောင်တွေက ဆရာ့ကို ကြည့်ချင်လွန်းလို့ တုန်ယင်နေမှာ သေချာတယ်။
ခိုးနမ်းနေတာ ငါသိတယ်ဆိုပြီး သူသိသွားရင် သေချာပေါက် ဆရာရှက်သွားလိမ့်မယ်ဆိုတဲ့ ငါ့ရဲ့အသိစိတ်နဲ့ဘဲ ကိုယ့်ကိုကိုယ် မျက်လုံးတွေ မဖွင့်လိုက်ဖို့ အမိန့်ပေးနေမိတယ်။မဖွင့်ကြည့်ရက်ခဲ့တာဆို ပိုမှန်ပါတယ်။
မိုးနတ်မင်းကြီးရေ...ဆရာငါ့ကို နမ်းနေတုန်းဘဲ။
ငါ့ဆရာရဲ့ နှခမ်းထွေးထွေးလေးတွေက မုန့်ဖက်ထုပ်တွေ၊လမုန့်နွေးနွေးလေးတွေ ထက်ပိုမိုကာ နူးညံ့လှတယ်။ငါ့ဦးနောက်ထဲမှာ ငါ့ဆရာရဲ့ နှခမ်းသားတွေက ငါနမ်းဖူးတဲ့ မိန်းမချောလေးတွေထက်ကို ပိုပြီး အိစက် ပူနွေးနေတယ်။
ထိကပ်ထားရုံနဲ့ စည်တီးနေသလို မြည်ဟီး ခုန်ပေါက်နေတဲ့ ငါ့နှလုံးခုန်သံကို ဆရာကြားသွားမလားတောင် စိုးရိမ်မိတယ်။
ဆရာကြားသွားလို့ သူ့နှခမ်းတွေကို ပြန်ရုတ်လိုက်ရင် ငါ...
အဲ့အခါကျ ဆရာ့ကို လက်တွေကနေ ပြန်ဆွဲချပြီး အဲ့ဒီနေရာတင် မိုးမြေလောက် မကောင်းတဲ့ ကိစ္စကြီးတစ်ခုကို ချိုးဖောက်လိုက်မိမလားတောင် မသိဘူး။ငါဆရာနဲ့ နမ်းရတာ ကြိုက်တယ်။ဆရာငါ့ကို ခိုးနမ်းလိုက်တာ တကယ် ကောင်းတယ်။ဆရာ့နှခမ်းတွေက တကယ်ချိုတာဘဲ။
ဆရာနဲ့ငါရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ခံစားချက်တွေနဲ့ ထိတွေ့မှုတွေ ပိုပြီး လေးနတ်သွားပြီးကြတဲ့နောက်မှာဘဲ ငါသိလိုက်ရတဲ့ ငါ့ဆရာရဲ့ အမှန်တစ်ရားကြီးတစ်ခုကြောင့်လည်း ငါ့မှာ နွေလည်ခေါင်ခေါင်ကြီးမှာကို မိုးကြိုးပစ်ချခံလိုက်ရသည့်အတိုင်းကို ခံစားလိုက်ရပါတယ်။
ငါ့ဆရာမှာ မိန်းမရှိခဲ့တယ်ဆိုဘဲ။
သူက မဂ်လာတောင် ဆောင်ခဲ့သေးတယ် ဆိုတယ်။
Nine Nine loon
Thi is not translation just my own creation fiction.
တိုက်ဆိုင်မှု တစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ စိတ်အနှောက်ယှက်ဖြစ်ဖွယ် ဖော်ကြူး ရေးသားမှုကြောင့်ဘဲဖြစ်စေ မင်းတို့အပေါ်မှာ စိတ်အနှောက်အယှက် ပေးမိသလိုများဖြစ်ခဲ့ရင် သာသာ အခုကတည်းက ကြိုပြီး တောင်ပန်ထားပါရစေ။
Thank for reading❤
YOU ARE READING
My ShiFu Kiss Me!!!( Completed )