*ငါ...မင်းကို ဖတ်ထားလို့ ရမလား?*
သွမ့်ရုံချင်းတစ်ယောက် စာသင်ဆောင်ကနေ အမြှီးလေး တက်နင်းခံရသကဲ့သို့ ပြေးထွက်လာခဲ့သည်။အချိန်က အနည်းငယ်ပင် စောနေသေး၏။ညနေစောင်းခါစ အချိန် ဖြစ်သည်။နန်းတော်တစ်ခုလုံးကတော့ မနက်ဖြန်တွင် ကျရောက်လေမည့် သူ၏မွေးနေ့အတွက် အစစအရာရာ အဆင့်အသင့် ဖြစ်နေစေရန်အလို့ငှာ လှုပ်လှုပ်ရှားရှားတွေဘဲ ဖြစ်နေကြသည်။
နန်းဆောင်အတွင်းသို့ အပြေးလေး ဝင်သွားလိုက်ကာ ရေချိုးဆောင် ရှိိရာကိုသာ ခပ်မြန်မြန် သုတ်ခြေတင်လိုက်ရသည်။အကြောင်းကတော့ ဝူရှ၏ ကျေးဇူးဖြင့် ထောင်မတ်လာခဲ့သည့် သွမ့်ညီဘွားလေးကို ငြိမ်ကျသွားစေရန်ပင်။လက်ဖြင့် ရှေ့တိုး နောက်ဆုတ် အကြိမ်ရာချီလောက် ပြုပြီး ချော့မြူပေးကာ ပြဿနာကို ရှင်းထုတ်လိုက်ရသည်။
သူအားရလောက်သည့် အတိုင်းအတာနှင့် အပူမီးငြိမ်းသည့် ခရီးစဥ်တစ်ခုတော့ မဖြစ်ခဲ့သည့်တိုင် သူ့ကိုယ်သူအား အနည်းငယ်တော့ ထိန်းချုပ်ထားလိုက်နိုင်သေးသည်။ပေပွသွားခဲ့သည့် ဝတ်စုံကို အမြန်ပင် လဲကျင်းလိုက်ရသည်။
ထိုနေ့ညက သူ၏နန်းဆောင် အရှေ့မှာ အစေပါး နှစ်ဦးခန့်သာ ရှိပါသည်။ကျန်နန်းစေများက မွေးနေပွဲ အပြင်အဆင်အတွက် သွားရောက်ကာ ကူညီနေခဲ့ကြခြင်း ဖြစ်လိမ့်မည်။
သွမ့်ရုံချင်း ကုတင်အထက်သို့ အမြန်ပြေးတက်လိုက်ပြီး စောင်ကြီးတစ်ခုလုံးကို သူ၏ဦးခေါင်းအထက်အထိ ဆွဲယူခြုံလွှားပစ်ရင်း တစ်ကိုယ်တည်း စကားများ ဆိုနေခဲ့သည်။
"အိုက်ယိုး ဝူရှ။သူကတကယ့်ကို အန္တာရာယ်များတာဘဲ ဟီးဟီး...''
"တကယ်ဘာမှကို မသိတာ...''
"ငါကလည်း ဘာလို့များ သူ့ကို နှခမ်းလေးဖြစ်ဖြစ်တော့ နမ်းခွင့်ရဖို့ မကြိုးစား ကြည့်မိခဲ့ရတာလဲ။ဟွန့် သွမ့်ရုံချင်းရာ သွမ့်ရုံချင်း...မင်းရဲ့ ထက်မြတ်လှတဲ့ ဉာဏ်ရည်ကြီးက အဲ့ဒီလို အချိန်မျိုးကျ ဘာလို့များ တုံးအနေရတာလဲကွာ...''
YOU ARE READING
My ShiFu Kiss Me!!!( Completed )