*ငါမင်းကို ချစ်လွန်းလို့ မထင်နဲ့*
သူ၏ ခြေလှမ်းတို့ကို အနှီနန်းဆောင်အတွင်းသို့ စတင်ကာ ခြေချလိုက်မိသည်နှင့် ခေါင်းက တစ်ချက် မိုက်ကနဲ ဖြစ်သွားသည် ခံစားရသည်။လူက အနည်းငယ်ဆိုသလောက် ချိနဲ့နေခဲ့သည်။အစာရေစာ ပြတ်လပ်ခဲ့ရသည့် အချိန်အတိုင်းအတာ တစ်ခုကြောင့်သာဟု ဝူရှ ရိုးရိုးရှင်းရှင်း ကောက်ချက်ချဖြစ်လိုက်၏။
အခန်းအတွင်းမှာ ထင်ရှားသည့် ပရိဘောဂပစ္စည်းများ မရှိ။ရောင်စုံ ပိုးဖဲသား အဝတ်စ အရှည်များကို ခန်းလုံးပြည့် ချိတ်ဆွဲထားပါသည်။ယင်းအဝတ်စများကိုဘဲ လက်ဖြင့် တိုးခွေ့ ရှောင်ရှား ဖယ်ရှားလျှက် အရှင်မင်းကြီးဆိုသူကို မျက်စိစိရှင်ရှင်ထားကာသာ လိုက်လံ၍ ရှာဖွေရသည်။
အခန်းမှာ အမတန်မှ ကျယ်လွန်းလှသည်။ပိုးဖဲစများ၏ အရောင်အသွေး စုံလင်မှုကြောင့်လည်း ရှင်ဘုရင်ကို လွယ်လင့်တကူ ရှာဖွေနိုင်ရန်ဆိုသည်က ဦးစွာ သူ၏အမြင်အာရုံမှာ ကောင်းကောင်း အနှောက်အယှက် ပေးခံနေရသကဲ့သို့ ခံစားရပေသည်။
ထို့ကြောင့်လည်း ဝူရှမှာ အနည်းငယ်မျှ စိတ်ပျံ့လွင့်ဝံ့မနေဘဲ သတိမြဲမြဲ ကပ်ထားလျှက် လိုက်လံ၍ ရှာဖွေရသည်။အချိန် အတော်ကြာခဲ့လေသည်အထိသာ စူးစမ်းလိုက်ရသည်။အနှီအခန်းကျယ်ကြီးမှာလည်း မည်မျှအထိပင် ကျယ်ဝန်းနေခဲ့သည်လဲ။အခုထက်ထိပင် အဆုံးသက်ကိုလည်း မတွေ့ရသေးပါ။
လက်လျှော့ကာ အနောက်ပြန်လှည့်လိုက်ရန်သာ လည်ပြန်ကြည့်မိတော့လည်း သူ အတော်လေး ခရီးပေါက်လာခဲ့ပြီ ဖြစ်ကြောင်းကို အတည်ပြုလိုက်ရသည်။ထို့ကြောင့် ဤကဲ့သို့ လွယ်လင့်တကူ လက်မလျှော့လိုက်ရန်ဘဲ သူ့စိတ်သူအား တင်းခံပြီး နှစ်သိမ့်ပေးလိုက်မိတော့သည်။သက်ပြင်းဖျဖျ တစ်ချက်ဆုံးသည်နှင့် သူ၏ခြေလှမ်းတို့ကို ပြန်လည်၍ အစပြုရန် ပြင်လိုက်မိတော့...
"အား...အ့...အွန်း~အ့...အာ့...အား...!အရှင်...''
အနှီညည်းညူသံမှာ အင်မတန်မှ နွဲ့နှောင်းလွန်းကာ ပစ်ချွဲလေသည့် မိန်းကလေးတစ်ဦး၏ အသံ ဖြစ်သည်။နာကျင်နေသည့်တိုင် ရမ္မက်ဆန်ဆန် ညည်းညူပြီး အနှီညည်းညူသံကနေဘဲ အစအဆုံးမရှိ တောင်းခံဖို့ ဆန္ဒတို့ ရှိနေသည်ကို အတိုင်းသား ခံစားနိုင်သည်။
YOU ARE READING
My ShiFu Kiss Me!!!( Completed )